"မင်းကွာ..အဲ့လောက်ထိကတော့မလုပ်သင့်ဘူး"
ရှိန်၏စိတ်ပျက်စွာထွက်လာသော
အသံ...
ထိုအသံတွင်တကယ်ကြီး
အာဏာအားစိတ်ပျက်နေခြင်းကို
သိသာနေစေခဲ့သည်။"ငါလည်းမင်းနဲ့တကယ်စိတ်ကုန်တယ်
အခုကCameraတွေကြားထဲမှကွ၊
ပြီးအလုပ်အတူတူတွဲလုပ်နေတဲ့
တဖက်လုပ်ငန်းရှင်တွေကလည်းရှိသေးတယ်။
မင်းအလုပ်ကပြီးသေးတာမဟုတ်ဘူး
မင်းလုပ်ပုံနဲ့သူဒီနေ့ကြော်ငြာဘယ်လိုဆက်ရိုက်မလဲ
...
ပါးတခြမ်းယောင်ကိုင်းနေတာ...ကျစ်!!
ငါမင်းကိုမရိုက်နဲ့တားလည်းမတားဘူး
တားပိုင်ခွင့်လည်းငါ့မှာမရှိဘူး
ဒါပေမယ့်အခြေနေအချိန်ခါကြည့်လေဟ....""အေး..အဲ့ဒီအချိန်တွေအခါတွေကို
မင်းကိုယ်ပေါ်သေးခွပေါက်ခံရမှကြည့်..
တောက်!! အဲ့အကြောင်းငါ့ကိုအစလာမဖော်နဲ့
ပြန်ကြားရင်ပြန်တွေးမိပြီးပိုရိုက်သတ်ချင်လာရော...""အေးကောင်းတယ်
ဆက်လုပ်အာဏာလွမ်းမိုး ဆက်မိုက်...
သူအခုအခန်းထဲရှိတယ်
ဝင်ပြီးသွားတွေပြုတ်သွားသည်
အထိသွားရိုက်လိုက်..."ပြောမနိုင်တဲ့အဆုံးဒေါနဲ့မောနဲ့
အရွဲ့တွေပြောချကာ
သူရှေ့ကထွက်သွားပြီဖြစ်သောရှိန်""အလကားစောက်ဖြစ်မရှိတဲ့ကောင်
ငါပြောနေတာတွေက
မင်းအတွက်ကွ မင်းအတွက်...."""မနေ့ညကမနက်သုံးနာရီကြီး
ခလေးအော်ငိုတာကိုယ့်အခန်း
ဘက်ကပါကြားရလို့လန့်နိုးပြီး
သူတို့အခန်းဘက်သွားတာ
မြင်ရတဲ့မြင်ကွင်းကကိုယ့်မျက်လုံးပင်
မယုံနိုင်....အပေါ်ဝတ်မဝတ်ထားပဲ
တစ်ခန်းလုံးရေပိုက်နဲ့ရေဖြန်းနေကာ
အခန်းထဲရေကြီးနေသလားထင်ရတယ်..
ပြီး
ခလေးလည်းရေတွေထဲရွဲ..
ကုတင်အိပ်ယာ ခလေးပုခက်
အားလုံးအားလုံးရေတွေရွဲလို့ဘာဖြစ်လည်းမေးတာကို
လုံးဝဖြေကာရုပ်က
လူသတ်တော့မလိုနဲ့
သူလုပ်ချင်တာကိုသာလုပ်နေခဲ့သည်ဟိုလူ့ကိုလိုက်ရှာကြည့်တော့
တဖက်ကုတင်အောက်တွင်သတိလစ်လျှက်သား...
ပါးတဖက်ကလည်း
ယောင်ကိုင်းနေသည်မှာအရမ်းသာ
YOU ARE READING
ရန်သူ OC ver S1"Completed"
FanfictionNote::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။