ရန်သူ အပိုင်း။၁၇။

7.6K 859 261
                                    


ခပ်မှိန်မှိန် မီးတွေနဲ့အလှဆင်ထားသော
မြေညီထပ်ကအရက်ဘားတစ်ခု

စားပွဲပေါ်ကအရက်ပုလင်းပေါင်းများစွာကြား
အလဲလဲအပြိုပြိုဖြစ်နေလူတစ်ယောက်
နေလောင်နေသောအသားအရည်ဖြူဥဥသည်
ဟိုတစဒီတစ်စနီရဲလို့

ပေါင်တိုဘောင်းဘီCrop topဝတ်ဆင်ထားပုံနဲ့
မလိုက်ဖက်လေအောင်အရက်ပြင်းတွေကိုရေမရောပဲပုလင်းလိုက်မော့ချနေသူ....

"မင်းရင်ထဲအဆိပ်တွေလောင်းထည့်ဖို့
ကိုယ်အရင်အဲ့ဒီအဆိပ်တွေကိုမြိုချခဲ့ရတာပါ
ခလေးငယ်ရာ....။
ကိုကိုလေမင်းကိုထပ်မခံစားစေချင်တော့ဘူး
ဒီပြိုင်ဆိုင်သတ်ပုတ်မူ့တွေလည်း
ရှင်သန်ခွင့်မပေးနိုင်တော့ဘူး။
ကိုကိုအသုံးမကျလို့
ဒီပွဲဟာရလဒ်တစ်ခုထွက်ပြီးသား
ခလေးကအရာရာသည်းခံကျော်လွှားချင်ပေမယ့်
ကိုကိုခွင့်မပြုနိုင်ဘူး၊
ကိုကို့ကြောင့်ဒီပွဲက....
ဒီပွဲကဇာတ်သိမ်းပြီးပြီ
ကိုကိုတို့ပေါင်းဖက်ကိုကံမပါလာဘူးခလေးရာ...."

သူအာဏာကိုနမ်းလိုက်ချိန်နောက်ကျောဘက်က
ခလေးငေးကြည့်နေမယ့်အကြည့်ကိုသူကောင်းကောင်းပုံဖော်ကြည့်လို့ရသည်
ခလေးအရမ်းသွေးပျက်သွားမှာ
ခလေးလက်ခံလို့မရသေးတဲ့အဲ့ဒီညကVideoထဲ
ဖြစ်ပျက်နေတာတွေအတွက်
အပြင်မှာလည်းကိုယ်ဟာအာဏာအပေါ်
သာယာနေတာအမှန်ပဲဟုသူတွေးနေတော့မှာ......။
ခလေးရာ...ဒါမျိုးမှမလုပ်ရင်
မင်းဆက်ပြီးနာကျင်ရမှာအခုလေ
ကိုကို့ကိုအပြစ်တင်ပြီး
ကိုကို့အပေါ်နာကျည်းပြီး
မင်းလေးပျော်နေပေးပါ....
မင်းကိုယ့်အတွက်ဘာမှမပေးဆပ်တော့ပဲ
ဘဝလေးငြိမ်းငြိမ်းချမ်းချမ်းနဲ့နေလိုက်ပါခလေးရာ။

ခလေးဒီပွဲကနုတ်ထွက်လိုက်ပါတော့
နာကျင်တာတွေရင်နာစရာတွေအတွက်
ထပ်မပေးဆပ်ပါနဲ့တော့.....

""ရန်သူတွေစီးချင်းထိုးတဲ့ပွဲမှာ
ခလေးကိုလွတ်လပ်ခွင့်ပေးလိုက်ပြီ
ခလေး...ကိုယ့်ရဲ့ခလေးဒီနေ့တရက်ပဲငိုပါ။
ကာကွယ်မပေးနိုင်တဲ့ကိုယ့်လိုလူအတွက်
ထပ်နာကျင်မခံပါနဲ့တော့...."""

ဒီနေ့သူ့လုပ်ရက်ဟာသူချစ်ရတဲ့
ကောင်မလေးကိုဒီမောဟပြိုင်ပွဲကနေ
အဝေးတဖက်ကိုတွန်းပို့လိုက်ခြင်း...
နာစရာရှိတာ....
ယူစရာရှိတာရှင်းစရာရှိတာမှန်သမျှ
သူဟာရှင်းပြီးသူသာဓားစားခံအလုပ်မည်
သူချစ်ရတဲ့ သူမကိုတော့အာဏာ
ကစားကွက်မှဘေးမဲ့လွတ်အောင်သူ
တွန်းထုတ်ပစ်လိုက်ခြင်း

ရန်သူ OC ver S1"Completed"Место, где живут истории. Откройте их для себя