ရန်သူ အပိုင်း။၃၅။

7.2K 944 280
                                    

"အကိုလေးထမင်းစားဖို့
သူဌေးကခေါ်ခိုင်းလို့ပါ...."

"အင်း ငါလာခဲ့မယ်"

သဲတုန်မရှိတော့တဲ့ထဲက
တိတ်ဆိတ်နေတဲ့အိမ်က
အခုလည်းရေခဲသမျှအေးစက်လို့
တစ်အိမ်လုံးမှာအပ်ကျသံက
အစကြားရလောက်သည်။
အထိတိတ်ဆိတ်ငြိမ်သက်နေသည်....
သဲတုန်ဒီအိမ်မှာမရှိတော့တာ
အခုဆို၅ရက်မြောက်နေ့...
အမြဲတမ်းတစ်အိမ်လုံးက
သူသွားလာထားတဲ့နေရာတွေမို့
နေရာတိုင်းမှာ
သူ့အမှတ်လေးတွေသက်သက်
အောက်ထပ်မှာကအစ
သူ့ခုံလေးလှည်းလေးတွေပုခက်တွေ
သူ့မုန့်လေးတွေ
သူကြိုက်တဲ့ခလေးသီချင်းခွေလေးတွေ.....
အပေါ်ထပ်ကြရင်လည်း
သူ့အဖေဝယ်ပေးထားတဲ့
သိန်းရာချီတန်သူ့အဝတ်စားတွေ...
ဖိနပ်လေးတွေ....
ဟန်သာဆောင်နေရတာ
အဲ့တာတွေတွေ့တိုင်းငိုချင်မိတဲ့စိတ်က
ထိန်းမနိုင်သိမ်းမနိုင်....
အခုလည်းထမင်းစားဖို့သာ
ဆင်းလာတာစိတ်တွေက
စားချင်စိတ်တချက်လေးတောင်ရှိမနေခဲ့......
သူကလည်းတိတ်ဆိတ်နေကာ
အလုပ်ထဲပဲစိတ်နစ်ထားတော့
ကျန်အချိန်တွေက
babyတို့နဲ့ပဲနေဖြစ်တာများသည်

babyကခလေးစိတ်ဆိုတော့
ငိုနေတာမပြီးတော့။

ထည်ကလည်းချစ်ရှာတယ်
အလုပ်အပြတ်ခံပြီးသူ့ယောက်ကျားကိုချော့မော့ကာကိုကိုခလေးကိုရအောင်
ပြန်ခေါ်ပေးမယ်လို့သာညာပြောနေခဲ့သည်.......

"ဘာလို့အခုချိန်ထိထမင်းမစားရတာလဲ"

ည၈နာရီကျော်နေပြီမို့မေးလာသောသူ
သူလည်းအိမ်မှာရှိမနေတာများပေမယ့်
လာတိုင်းထမင်းစားမစား
ဂျုဘီကိုမေးသည်

မစားရသေးရင်အတင်းစားခိုင်းသည်...ချုပ်ချယ်ဖို့ဆိုအရာရာလုပ်တဲ့လူ
လူကိုအနေကြပ်အောင်လုပ်တတ်လွန်းတဲ့လူ.....

"ငါမဆာသေးလို့ပါ...."

"ဘယ်သူကမှထမင်းကို
ပျော်လို့စားနေတာမဟုတ်ဘူး
စားစရာရှိတာစားအပိုတွေလုပ်မနေနဲ့....."

သူနဲ့စကားများနေတုန်းအိမ်ရှေ့မှာ
ပစ္စည်းတွေလာပို့ကြောင်းသိရတော့
သေချာတယ်ဒါခလေးပစ္စည်းတွေ.......

အထဲသို့
ရောက်လာသောပစ္စည်းတွေဟာ
မနည်းမနောပေမယ့်
အားလုံးဟာခလေးအတွက်မို့
သူထိန်းချုပ်ခြင်းတွေလည်း
ဒီတင်ရပ်ကာထိုပစ္စည်းဖာ
ရှေ့ခွေကျသွားပြီးငိုလေတော့သည်....

ရန်သူ OC ver S1"Completed"Where stories live. Discover now