"ဟေ့ကောင် အခုကဘာဖြစ်ပြန်တာလဲ"
ဆေးအိပ်ကြီးကိုင်ကာ အူယားဖားယား
ပြေးလာသူ သန့်စင်မိုး သည်
အခန်းရှေ့တွင်ဆေးလိပ်သောက်မပျက်သော
အာဏာလွှမ်းမိုး ကို တွေ့သည်နှင့်
လူနာအခြေအနေပြေး
မေးရတော့သည်မမေးလို့လည်းမရ ရှေ့ရက်ကပဲ
ထိုလူဟာအာဏာ ကောင်းမူ့ကြောင့်
သတိလစ်စွာရောက်ရှိလာခဲ့ရသည်မဟုတ်ပါလား"ဒါတော့
ငါကဘယ်လိုသိမလဲ ပြန်လာတဲ့အချိန်
ကြမ်းပြင်မှာလူသေလိုလဲနေပြီးခေါ်မရဘူး
ဖျားနေတယ် ...ဝင်သာကြည့်လိုက်""အာဏာ....မင်းကတော့လား
တော်တော် လက်ပေါက်ကပ်တဲ့ကောင်
သူများသားသမီးကို ဆွဲချင်သလိုဆွဲချလာပြီး
ကိုယ်နဲ့မဆိုင်သလိုနေနေလိုက်...""ခေါ်လာတာကငါဆို
နေကောင်းအောင်နေမှာကသူမဟုတ်ဘူးလား.""ဘာ!!! "
"ငါ့လာရစ်မနေနဲ့ ဝင်သာကြည့်
နောက် မင်းလူနာသေနေအုံးမယ်"ဆေးလိပ်ကိုပဲသည်းကြီးမည်းကြီး
သောက်ဖို့စိတ်ရှိနေသူသည် စကားကို
ဘုတွေကြီးပြောကာ သူငယ်ချင်း လုပ်သူအား
အထဲသို့ဝင်သွားခိုင်းနေခဲ့သည်ထပ်ပြောရင်စကားများရုံသာရှိတော့မယ့်
အခြေနေမို့သန့်စင်မိုးသည်လည်း
သူ့ကိုဖက်မပြောတော့ကာ
အထဲသို့ဝင်သွားခဲ့သည်အခန်းထဲရောက်ရောက်ခြင်း
မြင်လိုက်ရသည်က
ကုတင်ပေါ်တွင် အသိကင်းစွာရှိနေသော
ထိုလူသား.....ခပ်မြန်မြန် အနားသို့ကပ်သွားကာ
စပ်းသပ်ကြည့်တော့ ကိုယ်ခံအားလည်းမရှိ
သလောက်ဖြစ်နေကာ
အဖျားတွေကြီးနေခြင်းဒီကောင်ဒီရက်ထဲဘာမှမကျွေးထားဘူးပဲ
အရင်ဆုံး
ရေချိုးခန်း ဘက်သို့ပြေးကာ
ရေးတစ်ခွပ်ခပ်ပြီးအဖျားကျဖို့
ကိုယ်တိုက်ရတော့မည်သာ"အာဏာလွှမ်းမိုး ဟဲ့ကောင်
အာဏာ""ဘာလဲ ငါမအားဘူး"
"အဲ့ဒီအရည်မရအဖတ်မရဟာကြီးကို
ငြိမ်းပြီး မင်းလူကိုကိုယ်ပတ်လာတိုက်...
ငါဒီမှာဆေးလုံးကြီးချိတ်ဖို့လုပ်ရမယ်
မအားဘူး"
YOU ARE READING
ရန်သူ OC ver S1"Completed"
FanfictionNote::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။