ရန်သူ အပိုင်း။၁။

16.6K 1K 215
                                    

"Happy Birthday ပါ
ကိုယ့်ကောင်မလေးရေ"

မနက်စောစော အိမ်ရှေ့မှာ
မွေးနေ့ကိတ်နီနီလေးတစ်လုံးရယ်
အရမ်းလှတဲ့နှင်းဆီပန်းနီနီတွေနဲ့
မွေးနေ့ လာ wish တာက
မေရီချစ်ရသော ကိုကို

ဘယ်အချိန်ကြည့်ကြည့်
သားနားနေတဲ့ကိုကိုဟာ
အခုလည်း အနက်ရောင်
အနောက်တိုင်းဝတ်စုံနဲ့
ရှင်းသန့်လို့နေခဲ့သည်

တကယ်ပြောတာ
ကိုကိုနဲ့ချစ်သူဖြစ်ခွင့်ရတာက
မေရီ အတွက် လှပတဲ့မနက်ခင်းအိမ်မက်တွေ

ကိုကိုဟာ မေရီနဲ့တွဲတာ
၁လလောက်သာရှိသေးပေမယ်​့
မေရီ့ကိုအရမ်းချစ်ပေးတယ်၊
ရင်ခုန်အောင် အံ့သြအောင်
အမြဲတမ်း ဖြစ်စေတယ်
အရာရာကို အလိုက်သိတယ်
ဂရုစိုက်ပေးရကောင်းမှန်းလည်း
နားလည်တယ်
မောင့်ကြောင့်စိတ်ဆင်းရဲခဲ့သမျှ
ကိုကိုဟာ မေရီ့အတွက်စိတ်သက်သာ
ရစေသူပါပဲ......

"ကဲမေရီ မွေးနေ့ကိတ်မီးလေးမှုတ်ပါအုံး
ဘာလို့ကိုကို့မျက်နာကိုပဲ ကြည့်နေရတာလဲ"

"မေရီ့ကိုကိုက အရမ်းခန့်လို့
မေရီကကြည့်နေမိတာ"

"စကားတွေတတ်နေပြန်ပြီနော်
ကိုကိုနမ်းမှမငိုနဲ့နော် ချာတိတ်"

"ကိုကိုနမ်းရင်မေရီက ငိုလို့လား
မေရီကဒီလောက်လိမ္မာတာကို"

"ဟက်....ဟုတ်ပါပြီဗျာ
ကိုကို့မေရီက အလိမ္မာတုံးလေးပါ
ဒါကြောင့် ဒါလေးတွေအိမ်ထဲမှာ
သွားထားပြီးထွက်ခဲ့
ဒီနေ့တနေ့လုံး ကိုကိုက မေရီ့ကို
Shopping လုပ်ဖို့လုပ်ပို့မှာ"

"တကယ်!!!!
ပြီး ကစားကွင်းကောလို့"

"ပို့ပေးမှာပေါ့လို့ ကိုကို့မေရီလေး
ဖြစ်ချင်တာအကုန်ကိုကိုဖြည့်ဆည်းပေးမှာ"

"ယေး!!!"

ဂါဝန်ဖြူလေးနဲ့ကောင်မလေးက
ပျော်ရွင်စွာ ခုန်ပေါက်နေခြင်းကို
သူ၏ကောင်လေးကလည်းပြုံးရွင်စွာ
ကြည့်နေခဲ့သည်

မောင့်ကြောင့်စိတ်ညစ်သမျှကို
လက်လွတ်ဖို့ဆုံးဖြတ်ပြီးချိန်
ကိုကိုကမေရီ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာပြီး မေရီ့ကိုဘုရင်မလေးလို
ချစ်ပေးတယ်

ရန်သူ OC ver S1"Completed"Donde viven las historias. Descúbrelo ahora