"မသွားနဲ့....အိမ်မှာနေရမယ် မသွားရဘူး...."
"ဘာလဲ!!...."
သူ့လက်မောင်းပေါ်အိပ်စက်နေရင်း
ယောင်နစွာစကားတွေပြောလာတော့
နိုးလာသူက လူကြမ်း.....
သူ့ရင်ခွင်ထဲ ရောက်နေသူဟာ
သူ့ကိုဖက်ထားပြီးထွက်မသွားရဘူး
ပြောနေပြန်သည်။
အိပ်နေရင်းတောင်သူ့စိတ်ထဲဒီကိစ္စကြီးစွဲနေတာကို
သဘောမကျပေမယ့်
သူထွက်မသွားဖို့ပြောသူဟာကိုယ့်ကိုပါလားတွေးကြည့်ပြန်တော့လည်း
ဒီရင်ဘက်ထဲကကောင်ကကျေနပ်နေပြန်.....ဒါတွေဟာ
သူ့စိတ်ရင်းမှန်မဟုတ်ဘူးကိုလည်းသိတယ်
သူ့စိတ်သူ့ခံစားချက်မဟုတ်တာကိုလည်း
တွေးနိုင်တယ်။
ဒါပေမယ့်အရူးလုပ်ခံချင်နေတဲ့
စိတ်ကအပြီးတိုင်ပျော်ဝင်နေပြန်တော့
သူမုသားတွေလည်းလက်ခံနေမိတယ်။
သူ့လိမ်ညာမူ့တွေလည်းသိသိလျှက်နဲ့
မသိချင်ယောင်ဆောင်နေမိတယ်နောက်ဆုံးတော့ စကားနားမထောင်တဲ့
စွဲလမ်းစိတ်ကသာအသာစီးရနေပြန်တော့
ဒီတစ်ခါတော့ကျုပ်အရူးဖြစ်ပြန်ရောပေါ့....စိတ်မှတ်ကြီးပေမယ့်
အစွဲကလည်းမချွတ်နိုင်တော့
ပြန်အရူးလုပ်တာခံရရုံပဲရှိတော့တယ်....ခင်ဗျားကကျုပ်ကို
ဒေါသထွက်အောင်လုပ်နိုင်တယ်
ထပ်ပြီး မုသားတွေမှန်းသိသိကြီးနဲ့
အရှုံးပေးချင်လာအောင်လည်းပြုစားတယ်ဒီမျက်နာနဲ့ဒီလောက်
မာယာများတတ်မယ်လို့
တကယ်မထင်ခဲ့တာကတော့အမှန်ပဲ....သူ့လက်မောင်းပေါ်
နှင်းဆီဖူးနုတ်ခမ်းကို
ဟပြီးတရွီးရွီးဟောက်သံပိစိနဲ့
ခေါင်းမော့ကာအိပ်ပျော်နေသော
နှင်းနီဥပိစိမျက်နာအားငုံ့ကြည့်ရင်း
သူအတွေးများနေခဲ့သည်။"မပြန်ရဘူး မသွားရဘူး..ဟင့်..."
အိမ်မက်ထဲထိ မာယာတွေကပါနေပါလား
ကျုပ်ကိုအိမ်မက်ထဲထိပြုစားနေတာပဲ...
ခင်ဗျားကမာယာများတဲ့ကဝေ၊
ခင်ဗျားအလှတွေနဲ့ညို့နေတဲ့စုန်း၊
ခင်ဗျားနုတ်ခင်ဗျားမျက်ဝန်းခင်ဗျားစကားသံအရာရာကတကယ်မထင်ရက်စရာတွေပဲ...
YOU ARE READING
ရန်သူ OC ver S1"Completed"
FanfictionNote::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။