ရန်သူ အပိုင်း။၇။

7.2K 757 126
                                    

"အာဏာလွှမ်းမိုး  မင်းဘာတွေဒီလောက်
ပျော်နေတာလဲ
ကြည့်ရတာ ဟိုတယောက်ကို
lesson ပေးပြီးပျော်နေတာလား"

"ရှိန်!! ဟ
မင်းဘယ်ဆိုးလို့လဲ
ဟုတ်တယ်အဲ့လိုပဲ..
ငါအခုသူ့အလုပ်လုပ်နေတဲ့ဆိုင်ကနေ
ပွဲခံပြီးပြန်လာတာ..."

"ဟဟ....ငါသိသားပဲ"

"မင်းကွာ အာဏာရာ
အရမ်းကြီးတော့အနိုင်မကျင့်ပါနဲ့
သူ့ခမျာသူဝမ်းစာသူရှာစားနေရတာ"

"ဟှောင့် သန့်စင်မိုး  မင်းကဘာလို့
အဲ့လောက်ထိ သူ့ကိုသနားနေရတာလဲ
ဘာလဲမင်းကြိုက်နေလို့လား"

"အာဏာ မင်းစကားကိုစည်းလွတ်ဝါး
လွတ်မပြောနဲ့
သူများသားမယားကို
စိတ်နဲ့တောင်မပြစ်မှားဘူး..
အခုလိုဝင်ပြောနေရတာက
ငါမင်းတို့ပြသနာတွေကို
အရှည်တွေထပ်မဖြစ်စေချင်တောလို့"

"သန့်စင်မိုးရာမင်းလည်းသူ့အကြောင်း
မသိတာလည်းမဟုတ်ဘူး
သူကသူလုပ်ချင်တာရှိရင်
တားလို့ရခဲ့လို့လား"

"ရှိန်  မင်းလည်းကြပ်ကြပ်မြှောက်ပေး
ငါမပြောလိုက်ချင်ဘူး"

"မပြောချင်​ရင် မပြောနဲ့လေ
ငါနားငြီးသက်သာတာပေါ့"

"ငါကတော့ အဲ့ဒီတယောက်ကို
အမြဲ အနိုင်ယူဖို့တွေးနေမှာပဲ
ငါအရင်လက်ဦးမူ့မယူရင်
သူကငါ့ကိုပြန်အနိုင်ယူမှာလေ
ငါ့ရာဇဝင်မှာဘယ်ကောင်မှ
ငါ့ကိုလာကြောလို့မရဘူး မရစေရဘူး"

"ငါကတော့မင်းခံစားချက်ကို
အပြည့်အဝနားလည်းတယ် ဟှောင်​့
ဘာလို့ဆို ဒီဇာတ်အစအဆုံးငါကောင်း
ကောင်းသိထားလို့"

သုံးယောက်သား ဆေးခန်းပိတ်ချိန်တွင်
သန့်စင်မိုးတိုက်ခန်းမှာ
အရက်သောက်နေကြပေမယ့်
စကားတွေကတော့
၂ယောက်ကတဖက် ၁ယောက်ကတဖက်နဲ့
ဗျာများနေရ၏

မဲများတဲ့ဘက်ကအနိုင်မို့
သန့်စင်မိုးကသာအရှုံးပေးလိုက်ရ၏

=====

"အာဏာလွှမ်းမိုး  ဒါသောက်ပြီးရင်
မင်းပြောသလိုပဲ အခုကစပြီး ကွင်းထဲမှာ
လေ့ကျင့်တော့မှာကိုမမေ့နဲ့"

"အင်း"

"မင်းရဲ့ပွဲစဥ်တွေကလည်းနီးလာပြီဆိုတော့
ကြိုးစားတော့ငါ့ကောင်ရေ
အခုခေတ်ကပြိုင်ဘက်တွေသိပ်ပေါတာ
တခြားclub ကကောင်တွေကလည်း
Asia ပွဲစဥ်ပြီးထဲက
မင်းကိုကြည်နေကြတာမဟုတ်ဘူး"

ရန်သူ OC ver S1"Completed"Where stories live. Discover now