ရန်သူ အပိုင်း။၂။

8.1K 831 121
                                    


နေရာသည်.....
စိတ်ငြိမ်သောကော်ဖီဆိုင်တစ်ခု

ဆိုင်၏
အခင်းအကျင်းအားလုံးတို့သည်
အနောက်တိုင်းဆန်ဆန်နှင့်
တန်ဖိုးကြီးခမ်းနားထည်ဝါမူ့တို့က
အထင်သားမြင်နေရ၏။

သားနားစွာဝတ်ထားသော
အညိုရင့်ရောင် အနောက်တိုင်းဝတ်စုံ
နဲ့လူသည် တစ်စုံတစ်ဦးကိုစောင့်နေပုံ

အဘယ်ကြောင့်ဆို သူ့လက်ထဲက
အနက်ရောင်နာရီအားတကြည့်ကြည်​့
ဖြစ်နေ၍သာ.....

သူရှေ့က Coffe ခွက်သည်လည်း
တစ်ဝက်ကျိုးလို့နေခဲ့လေပြီ....

သို့သော်
သူကတော့....စိတ်ရှည်စွာစောင့်လို့နေခဲ့သည်

....
....

ထိုစဥ် လမ်းလျှောက်သံခပ်ပြင်းပြင်းနဲ့
ဝင်ရောက်လာသော တစ်စုံတစ်ဦး......

သူ့ထပ်အရင်
သူ၏ကိုယ်မှ ခပ်ရှရှရေမွေးနံ့အရင်ရောက်
လာလို့ မော့ကြည့်ချိန်
ပထမတစ်ခေါက်မြင်ရသည့်အတိုင်း
အပြဲအကွဲဘောင်းဘီနှင့်
အဖြူရောင်ဂျက်ကတ်တထည်

အနက်ရောင်ဆံပင်ခပ်ရှည်ရှည်ကို ချထားကာ
နားတွင်လည်းနားကပ်များစွာရူတ်ထွေးလို့
သို့သော် ကိုယ်ကဖိတ်ထားတာမို့
မတ်တပ်ရပ်လိုက်ကာ....လက်ကမ်းပေးပြီး

"မောင်ရင် ရောက်လာသားပဲ....
ထိုင်ပါ...ကိုယ်က မှေး..."

"ဒီကိုလာတာခင်ဗျားနဲ့
မိတ်ဆွေဖြစ်ချင်တာလို့တွေးနေတာလား"

ရိုင်းစိုင်းစွာပင် မိတ်ဆက်မူ့ကို
လက်မခံကာ...ရှေ့ခုံတွင်
ခြေချိတ်ကာထိုက်လိုက်သူ

"ဟက်....မဟုတ်ပါဘူး
ကိုယ်က ယဥ်ကျေးမူ့အရ
မိတ်ဆက်တာပါ...."

"မလိုဘူး....ကျုပ်ကဒီကိုလာတာ
ခင်ဗျားဖိတ်ကြားလို့လာတာထက်
သတိပေးစရာရှိလို့....."

"ဟုတ်ပါပြီ..မောင်ရင်ဘာသတိပေးဖို့လဲ"

"ဟန်မေရီကကျုပ်ချစ်သူ
ခင်ဗျားဝင်ပြီးရူတ်နေတာကို
ရပ်တန်းကရပ်ပေးပါ"

"ဒီစကားက ကိုယ်ပြောရမှာလေ
အခုလက်ရှိမေရီကကိုယ့်ချစ်သူ..."

"ဒီမှာ...မှေးစက်နိုင်ကျုပ်စိတ်ကိုလာမဆွနဲ့
ခင်ဗျားမျက်နာကိုမြင်လိုက်ကထဲက
အသေထိုးသတ်ချင်နေတာ...
လူလိုသူလိုပြောလို့ရမယ်ထင်ပြီး
ခင်ဗျားရှေ့ရောက်လာတာ...."

ရန်သူ OC ver S1"Completed"Nơi câu chuyện tồn tại. Hãy khám phá bây giờ