ရန်သူ အပိုင်း။၁၅။

8.2K 835 281
                                    

ပါတီမှာအားလုံးကကိုယ့်အာရုံနဲ့ကို
ကိုယ့်လူနဲ့ကိုစုကာဖွဲ့ကာစကား
ပြောနေကြဆိုနေပြီး
သီချင်းသံတွေကလည်း
ဆူညံနေသောကြောင့်
ကန်အစွန်းဘက်၏တပြလောက်ကို
ဘယ်သူကမှစိတ်မရောက်ခဲ့ကြပေ

ထို့ကြောင့်ကန်ထဲ
မှေး ကျသွားသည်ကိုလည်း
သူတို့သတိထားမိမည်လည်းမဟုတ်ပါ။

သို့သော်လူတစ်ယောက်ကတော့
ဝုန်းဒိုင်းကြဲစွာကန်ဘက်ပြေးလို့သွားနေ
ခဲ့သည်

အနည်းငယ်လှမ်းတာမို့
သူအရှိန်နဲ့ပြေးလွှားနေမှ
လူတွေကဒီဘက်သို့အာရုံရောက်လာတော့သည်

သူကတော့တခြားလူမဟုတ်
ကန်ဘေးမှာထိုင်နေသူလေးအား
မကြည်သလိုကြည့်နေခဲ့သော
သူ၏ယောက်ကျားသာ

ရှိန်ကလည်း
အာဏာကန်ဘက်ပြေးထွက်သွားမှ
သူပြေးတဲ့ဘက်ကိုမျှော်ကြည့်လိုက်တော့
မြင်ရသည်ကကန်၏ဟိုးတဖက်စွန်းတွင်
တယောက်ထဲထိုင်နေသူဟိုလူရေနစ် နေသည်ပဲ

ပြေးနေရင်း အပေါ်ကုတ်ကို
ချွတ်ပစ်ကာဒိုင်ဗင်ထိုးချသွားသည်က
မြန်ဆန်နေရော

ရေအောက်ပိုင်းသို့
တဖြည်းဖြည်းရောက်နေပြီဖြစ်တဲ့
ကိုယ်သေးသေးလေးဆီ
အမြန်ဆုံးရောက်အောင်သွားနေသည်က
ငါးတကောင်အတိုင်းပဲ

အာဏာ ဒီကောင်အရမ်းမုန်းနေလို့သာပဲ
မမုန်းများမမုန်းရင် ငုံများငုံထားလေမလား
အရက်သောက်နေရင်းတန်းလန်း
ပြေးသွားလိုက်တာမှ
မြန်ဆန်နေရော..ဖိနပ်ပါချွတ်မအားဘူး

သို့သော်..ဘာပြောပြော
ကန်ကနက်တာမို့ရေးမကူးတတ်တဲ့
ထိုလူ့အတွက်အခြေနေကအနည်းငယ်
စိုးရိမ်ရနိုင်တာမို့
သူသည်လည်းကန်အနားပြေးသွား
လိုက်မိသည်

ရေကန်ကတော်တော်လေးနက်သည့်အပြင်
အာဏာပြေးလာရသည်ကလည်း
တော်တော်လေးလှမ်းတာမို့
ကန်အောက်ခြေထိဆင်းသွားသူကို
လိုက်ဆွဲနေရသူ

ဒီကောင်ရေကူးတတ်လို့သာပေါ့
ကန်၏အနက်ကသေးမှမသေးပဲ

ဒီနေ့ကြမှsecurityတွေကလည်း
ကန်နားမှာရှိမနေ
အရင်ကဆိုဒီကန်သီးသန့်အတွက်
securityသုံးယောက်လောက်ကအနည်းဆုံးသာ

ရန်သူ OC ver S1"Completed"Where stories live. Discover now