အပိုင်း။၄၈ ၄၉

4.1K 337 77
                                    

"အခုချိန်ကစပြီး ခင်ဗျား
ဘယ်ကိုမှမသွားရဘူး
ကုန်ကုန်ပြောမယ် U paradise ထဲက
ကုန်တိုက်တောင်မှကျုပ်ပါမှသွားရမယ်။
ဒီရပ်ကွက်ကနေအပြင်ထွက်ရဲထွက်ကြည့်
အဲ့ဒီ​ခြေထောက်ကျိုးပြီသာမှတ်ထား"

ဒေါသမောဟသံတွေပါနေတဲ့သူ့ရဲ့အမိန့်ပေးသံ
အစက အပြင်ကုန်တိုက်က်ုသူပဲခေါ်ထုတ်
သွားခဲ့တာမဟုတ်ပါလား ဒါကိုအခုဘာတွေဖြစ်လာမှန်းမသိပဲ..ကိုယ့်အားကျိန်းနေတာကြောက်စရာပင်

ဒီတလော သူပုံမှန်ဖြစ်နေသလိုနဲ့
အခုကြအရင်လိုသူ့အမိန့်သူ့အသံအောက်
နေရမည်ဟုဆိုနေသည်မဟုတ်ပါလား

အလျှော့ပေးခံလာရတာကြာနေပြီမို့
အခုလိုဝုန်းဒိုင်းကြဲသောင်းကျန်းနေခြင်းက
သူ့ကို အသစ်အဆန်းဖြစ်နေစေခဲ့သည်
မဟုတ်ပါလား သို့သော်ခဏသာ
လူကြမ်းရဲ့ကြမ်းတမ်းခဲ့ခြင်းတွေနဲ့
အသားကျခဲ့ရသောလူသားမို့
ဘာခံစားချက်မှမရှိသော မျက်နာအေးနဲ့သာ
သူ့အားတချက်ကြည့်ပြီး နေရာမှထထွက်သွားခဲ့သည်။

သူအခန်းတံခါးဖွင့်လိုက်တာနဲ့
ဘဘားဆိုပြီး
အော်င်ုနေတဲ့သဲတုန်
လူကြမ်း ရဲ့အသံဟာအရမ်းကြမ်းတမ်းနေတော့
ခလေးဟာသူ့ပါပါးကိုရိုက်နေပြီအထင်နဲ့
စိုးရိမ်နေခြင်း

ခလေးငိုသံကြားမှသူ့သားကြောက်နေပြီကိုသိကာ
ဒေါသမျက်နာအားတဖက်သို့လှည့်ထားပြီး
ခလေးနဲ့နှင်းနီဥကိုကျောခိုင်းထားလိုက်တဲ့လူကြမ်း

"ဘဘားး"

"မငိုနဲ့နော် ပါပါးဘာမှမဖြစ်ဘူး
ကြည့်ပါအုံး သဲတုန်ငိုတော့
မိုင်လိုကပါလိုက်ငိုနေခဲ့ပြီ။"

"ဟင့် ဘဘား"

"သဲတုန်ကအရမ်းအသည်းနုတာပဲကွာ
ဒယ်ဒီကဒီလိုပဲအမြဲစကားပြောတတ်တာလေ
ဘာလို့လဲ ကြောက်လို့လား..."

"ကြောက်ဖူး ဒါမဲ့ ဘဘားကိုယိုက်တာယို့
သဲတုန်ထင်ယို့"

"သဲတုန်ကဘဘားရိုက်ခံရမှာကိုကြောက်လို့လား
ချစ်လိုက်တာ သဲတုန်ရာ
ပါပါးကိုစိတ်ပူပေးလို့သဲတုန်ကိုကျေးဇူးပါနော်။
ဒါနဲ့ သဲတုန် ဗိုက်မဆာဘူးလားဟင်"

ရန်သူ OC ver S1"Completed"Where stories live. Discover now