အပိုင်း။၅၀။

8.6K 458 361
                                    

ဟိုမှာဆေးကုခဲ့စဥ်က အာဏာ့ကြောင့်ရယ်
ခလေးကြောင့်ရယ်နဲ့ဒေါက်တာကို
သေချာစကားမပြောရခဲ့တာမို့
အခုတော့ဒေါက်တာမေးသမျှကိုဖြေပေးနေမိသည်

"ဒေါက်တာထပ်မေးလာတာက
မြတ်သောနေ့ဟာသူ့ရဲ့သားအရင်းလားတဲ့"

အိမ်တွင်းရေးကိုတော့လျှိုဝှက်ထားချင်ပေမယ့်
မေးသူက ဒေါက်တာဖြစ်နေလေတော့

"ကျတော့်အမျိုးသားမွေးစားထားတာမို့
ကျတော့် ခလေးလိုပါပဲလို့ပြောလာသူ"

ထိုအဖြေကြောင့်ဒေါက်တာတစ်ခုခုကို
စိတ်ချသွားကာ ထပ်မေးလာသူသည်က

မေရီကိုရောမှတ်မိသေးလားလို့မေးချိန်
ခန္ဒာယ်ကိုယ်ထဲကသွေးတွေပြောင်းပြန်
စီးသွားသလိုသာ
သူဒီလတွေထဲမေရီကိုမေ့နေခဲ့မိသည်။
ခလေးအတွက် အိမ်အလုပ်တွေအတွက်
နလုံးသားရေးကိုမေ့ထားခဲ့မိသည်။

မေရီဆိုတဲ့အသံကြားလိုက်ထဲက
မျက်ဝန်းမှမျက်ရည်အိုင်တတ်လာသူကိုကြည့်ရင်း
နားလည်လိုက်တာကသူအခုထိ ချစ်နေဆဲပါပဲလား

"မေ...မေရီ ကျတော့်အနေထားနဲ့က
သူအဆင်ပြေရဲ့လားဆိုပြီးမေးလို့ရတဲ့
အနေထားမဟုတ်ပေမယ့် သူ သူအဆင်ပြေရဲ့လား
ဒေါက်တာ...."

မေးခွန်းတွေမေးမေးနေရင်းမှာပင်
တုန်ရီသံနဲ့ရှက်ဝံ့နေသူ

"အစကတော့ အကို့ကိုတကယ်စိတ်တိုနေတာပါ
မြင်လိုက်ရတာနဲ့ကြုံတွေ့လိုက်ရတာကစိတ်တိုစရာမို့
ဒါပေမယ့် အခု အကိုကြိုးကိုင်ခံနေရတာတွေပါ
သိထားပြီးပြီမို့
.......ပြောပြဖို့ဆုံးဖြတ်လိုက်ပါပြီ။
အကို့.အကို့ရဲ့မေရီ ကောင်းကင်ဘုံကို
ရောက်သွားတာ လေးနစ်ထဲဝင်လာပါပြီ"

"ဗျာ!!"

ဒီစကားဟာတိုးတိုးလေးပေမယ့်
သူ့နားထဲတော့ဗုံးကွဲသလိုသာ။
နောက်ဆုံးမျှော်လင့်ချက်တွေဟာလည်း
လေထဲဝေ့ဝဲပြီး ရှင်သန်နေခြင်းတွေဟာလည်း
အမှောင်ထဲရောက်သွားသလို

မျက်ဝန်းမှမျက်ရည်တွေစီးကျ
ယောင်နစွာမတ်တပ်ရပ်လိုက်ပြီး
ကိုယ့်အားကျောက်ရုပ်လိုကြည့်လာသူ

ရန်သူ OC ver S1"Completed"Onde histórias criam vida. Descubra agora