ရန်သူ အပိုင်း။၂၁။

8.2K 881 331
                                    

Manhattan Mall ရဲ့ အလယ်ဗဟိုချက်မ၊
luxury brands ဆိုင်ခန်းတွေဆီ
တဖက်နဲ့တဖက်ကူးလူးသွားလာရတဲ့
နေရာလွတ်ပြင်ကျယ်တွင်ရောက်ရှိနေကြသော
ကောင်လေးသုံးယောက်...

သုံးယောက်လုံးကပေါင်တို
ဘောင်းဘီလေးကိုမှစတိုင်ကိုယ်စီနဲ့ရယ်၊
နစ်ယောက်ကsunglasseကိုပင်
Mallထဲတပ်ထားသူကတပ်ထား
အင်္ကျီရှေ့တွင်အလှချိတ်သူကချိတ်ထားနဲ့
တစ်​ယောက်တမျိုးဆီပဲထုတ်နေကြခဲ့သည်

မှေး ကကြအသက်ရွယ်
တစ်ခုရောက်နေပြီမို့
ထိုသို့ခလေးတွေနဲ့အတူတူ
အလန်းဆုံးတွေလုပ်မနေကာ
သူလွယ်ထားသောLV
ကျောပိုးအိတ်ငယ်လေးထဲအကုန်ပစ်ထည့်ထား၏...

မိုးလင်းထဲကShoppingဆိုပြီး
ဂျီတိုက်နေသောဘေးဘီ နဲ့ရိုးလက် ကြောင့်
ကိုယ်ကလည်း
သူတို့ဆွဲခေါ်ရာနောက်သူတို့၏။အခုက
ကိုယ်ရံတော်များခြံရံကာ
myanmarမပြန်ခင်တရက်အလိုမှာ
Shoppingထွက်နေကြခြင်းသာ....

မင်းသားခေါင်းဆောင်းတဲ့
ဘီလူးကောင်ကဒီလိုအချိန်မှာ
သူဘာလုပ်ရမလဲကိုသေချာသိ၏..

ဟိုတစ်ခါMallထဲ
အချိန်နည်းနည်းပဲပေးပြီး
ခလေးပစ္စည်းတွေ
အနိုင်ကျင့်ဝယ်ခိုင်းတဲ့အခေါက်ကလွဲပြီး
တသက်နဲ့တစ်ကိုယ်သူ့ကဒ်မပေးကိုင်တဲ့ကောင်က
ဒီနေ့ဒိတ်ဒိတ်ကြဲသူဌေးခင်ပွန်းတွေနဲ့
ကိုယ်ကစျေးဝယ်ထွက်မှာဆိုတော့
လူကြားထဲသူအရှက်အကွဲမခံနိုင်၍ထင်သည်
အခန်းထဲပြင်ဆင်နေတုန်းကဒ်အား
အိပ်ယာပေါ်ကောက်ပေါက်သွားပေးခဲ့သည်။

အစက စိတ်ထဲမြတ်ခနဲဖြစ်သွားပေမယ့်
အကြောင်းပြချင်လို့ကို
အဲ့ဒီကဒ်ကိုကိုင်ပြီးလုပ်ချင်တိုင်းလုပ်ပစ်မယ်လို့
တေးထားပြီးသူဒီနေရာကိုလာခဲ့ခြင်း

ကမ္ဘာ့စျေးအကြီးဆုံးဆိုတဲ့ Brandတွေက
သူတို့ရှေ့မှာတော့ဘာမှမဟုတ်သလိုပါပဲ...

ကြိုက်ရင်ဆင်တူပုံစံတူကိုပင်သုံးလေးအိတ်
သုံးလေးထည်ဝယ်ကာဖြုန်းနေကြသူများ

ပိုဆိုးသည်ကဒီနေ့မှာအဖြုန်းဆုံးကမှေးသာ

နောက်ကကိုယ်ရံတော်များ
လက်ထဲတွင်သူဝယ်ထားသောအိပ်တွေက
ပိုလို့တောင်များနေ၏.....

ရန်သူ OC ver S1"Completed"Tempat cerita menjadi hidup. Temukan sekarang