ရန်သူ အပိုင်း။၁၂။

7.7K 767 342
                                    

အာဏာလွှမ်းမိုး  သည်
Hotel၏ ဧည့်ဆောင်ခန်းမထဲတွင်
မှုန်တည်တည်နဲ့ထိုင်၍နေခဲ့သည်။

သူ့ပုံစံသည်တစ်​ယောက်​ယောက်ကို
စောင့်နေသလိုသာ
နာရီကိုကြည့်လိုက်...
ရှေ့ကအအေးကိုသောက်လိုက်နဲ့
ဟင်းတချို့စားလိုက်နဲ့သာ

သူ့ခါးပိုက်ထဲကခလေးပေါက်စကလည်း
ချိုလိမ်တပ်ရက်သားလေးနဲ့သူစားသမျှကို
မော့မော့ပြီးမျှော်နေခဲ့သည်

သူကတော့ခလေးဆီစိတ်မရောက်အား
သူ့အတွေးနဲ့သူရူတ်လို့

"ဟေး အာဏာ ငါလာပြီ"

မင်းသားရှုံးအောင်ပြင်ဆင်ထားသော
ရှိန်သည် သူ့အားအသံကျယ်ကျယ်ဖြင့်နုတ်ဆက်ရင်းအနားသို့ရောက်ချလာခဲ့သည်

"လာသေသေးတယ်နော်ငါက
လေယာဥ်ပျက်ပြီးများသေနေပြီလားလို့"

"အာဏာလွှမ်းမိုး!!! ထွီးထွထွ...
စောက်ကျင့်ကိုမကောင်းတဲ့ကောင်
ငါကသေစရာလားစကီလေးတွေနဲ့
မာယာမီမှာကဲရအုံးမယ်"

"ငါကမင်းကိုဒီခေါ်တာဆော်တွေနဲ့
ပေးကဲဖို့ထင်နေတာလား"

"ဟင်...အဲ့တာဆိုဘာလို့ခေါ်တာလဲ
မ...မဟုတ်မှငါ့ကိုခလေးထိန်းခိုင်းဖို့လား"

"အေး"

"ဟ မထိန်းချင်ဘူး"

"မထိန်းချင်ရင်အခုချက်ခြင်းမြန်မာကို ပြန်"

"လူယုတ်မာကောင်
အသုံးချစရာမရှိရင်သူငယ်ချင်းပါမချန်တဲ့ကောင်
ဒါနဲ့သူအမေကရောဘာဖြစ်နေလို့လဲ"

"သူ့အမေကဘယ်သူလဲ"

"မှေးစက်နိုင်ဟေ မှေးစက်နိုင်
ရွဲ့ပြောစောင်းပြောလဲသဘောမပေါက်နဲ့
လဒူ"

"အခုလောလောဆည်သူဒီခလေးကို
ထိန်းလို့မရသေးဘူးဒါ​ကြောင့်မင်းကို
ခေါ်ရတာ..."

"Aww အင်းအင်း လင်အပေါ်တော့
ကျေးဇူးကြီးမားတယ်နော်
ပြောတော့မချစ်ဘူးမုန်းလို့နဲ့
ပြီးကြလင်ကိုတောင်ခလေးမထိန်းခိုင်းရက်ပဲသူငယ်ချင်းကိုပါ နာနီလုပ်ခိုင်းတဲ့ကောင်"

"မင်းမသိပဲလျှောက်ပြောမနေနဲ့
အကြောင်းရှိလို့ထိန်းခိုင်းနေတာ"

ရန်သူ OC ver S1"Completed"Où les histoires vivent. Découvrez maintenant