ရန်သူအပိုင်း။၂၉။Zawgyi

3.4K 235 42
                                    

"စာလုံးရည်အရမ်းများလို့Uni နဲ့ Zawgyi
နစ်ပိုင်းခွဲတင်ပါမယ် ဒါက Unicode Only"

=====ရန်သူ=====

ဘယ်လောက်ပဲကိုယ့်စိတ်ကိုချိုးနှိမ်ထားပါစေ
စိတ်ထဲရှိတဲ့အတိုင်းပေါက်ကွဲတတ်သည်က
ကိုယ့်အထိမခံနိုင်သောစကားလုံးတွေနဲ့
ကိုယ်ချစ်ရသောလူသားတွေကို
ဆွဲထည့်ပြောလာသောအခါမျိုးတွေမှာပေါ့

ကိုယ်ဟာအရာရာအရှုံးပေးထားရတဲ့
လူဖြစ်ပါစေကိုယ်လည်းဒေါသထွက်တတ်တဲ့လူ
စိတ်ရှိတဲ့လူပါပဲ....
သွေးပူနေတုန်းချစ်ရသူကိုထိပါးလို့
ပြန်ပြောခဲ့တာတွေအတွက်
နောင်တဆိုတာမရှိပေမယ့်
အခုလိုအချိန်မှာတော့
ကိုယ်ပြောခဲ့တဲ့စကားတွေအတွက်တော့
စိုးရိမ်စိတ်ဖြစ်မိတယ်။

သူဟာဘယ်တော့မှတဖက်သားကိုညာတာတတ်တဲ့လူမဟုတ်ဘူး

သူဟာသူ့ကိုထိပါးရင်
သူ့ကိုစော်ကားရင်အရာရာကိုပြောင်းဆန်အောင်ယုတ်မာတတ်တဲ့လူမို့
ကိုယ်သူ့အပေါ်ပြောခဲ့တာတွေအစား
ကိုယ်ချစ်ရတဲ့မိဘတွေနဲ့အဝေးကမေရီ
တစ်ခုခုနာကျင်သွားမှာကိုတော့
တကယ်စိုးရိမ်မိသည်။

သူဟာအရာရာကိုသူနိုင်ဖို့ဆို
ဘာမဆိုလုပ်ရဲတဲ့လူစားမျိုး...
ကိုယ်​ပြောခဲ့တာတွေအတွက်
ကိုယ်ချစ်ရသူတွေကိုသူတစ်ခုခုလုပ်မှာကိုတော့တကယ်မလိုလား

""အာဏာလွှမ်းမိုး မင်းငါ့ကို
မကျေနပ်ရင်ထပ်ရိုက်လို့ရတယ်
ဒါပေမယ့်သူတို့ကိုတော့မထိပါနဲ့
ငါ့ကိုပဲအပြစ်တွေပုံချလိုက်ပါ
ငါကပဲမှားခဲ့တာမို့ငါ့ကိုသာမင်းစိတ်ရှိတဲ့အတိုင်းကလဲ့စားချေပါ
ငါ့ကိုပဲမင်းစိတ်ရှိသလိုရိုက်နက်ပါ
သူတို့ကိုတော့ဘာမှမလုပ်ပါနဲ့....""

ဒီဆေးရုံကိုရောက်နေတာ
၂ရက်လောက်ရှိနေပေမယ့်
သူ့ကိုအခုထိမတွေ့သေးတဲ့
အပေါ်မှာစိုးရိမ်စိတ်ကြီးနေသောမှေး
သူစိုးရိမ်နေတာက
တစ်ခုခုများပြသနာကြီးကြီးမားမား
ဖန်တီးပြီး သူချစ်ရတဲ့လူတွေကို
ပြသနာလုပ်နေပြီလား
Qweeကိုပြသနာရှာလိုက်ပြီလား
သူ့ဖေဖေ့ ကိုလည်းစိုးရိမ်နေသူ...
သူဟာသူ​ပြောခဲ့တာတွေအတွက်
ပူပင်သောကဖြစ်နေရသည်

ရန်သူ OC ver S1"Completed"Where stories live. Discover now