မချစ်ဘူးလို့ဘယ်လောက်ညာညာ
အလိုမရှိဘူးလို့
ဘယ်လောက်လိမ်ပြောပြော...ဟန်ဆောင်လို့မရတဲ့
ဖြစ်တည်မှု့တွေကတော့
ညိတွယ်ပြီးနေပြီမို့
အရှုံးမပေးလိုက်ရုံပဲရှိတယ်
တကယ်တမ်းကိုယ်ကရှုံးခဲ့ပြီးပြီ....မုန်းတယ် အဲ့ဒီအရှုံးကိုမုန်းတယ်
ဒါပေမယ့်ဘာမှလုပ်လို့မှမရတော့တာ...ရင်ဘက်ထဲကကောင်ကချစ်နေပြီလေ.....
ဒီခံစားချက်တွေ
သူနဲ့ပတ်သတတ်ရင်ဟန်ဆောင်လို့မရတဲ့
ဒီခံစားချက်တွေကအခုလည်းလူကိုလှလှလေး
အရူးလုပ်သွားပြန်တယ်.....သူ့မျက်စိရှေ့ကထိုလူသားဟာ
သူ့ကိုထိုလောက်ထိ
အသိစိတ်ထိန်းချုပ်နိုင်စွမ်း
ကင်းအောင်လုပ်ခဲ့သူ.....တသက်နဲ့တကိုယ်မကြုံဘူးတဲ့
တုန်လှုပ်ခြင်းတွေလည်းပေးခဲ့သူ...ခင်ဗျား....ခင်ဗျားက
ကျုပ်ရဲ့မကောင်းဆိုးဝါးပဲ
ကျုပ်လိုလူကို
ဒီလိုတွေအထိန်းကွပ်မဲ့အောင်လုပ်ခဲ့သူပဲ.....။၄၅မီနစ်လောက်ကြာတဲ့
ခရီးလမ်းကို၁၅မီနစ်စွန်းစွန်းနဲ့
မောင်းချလာတဲ့သူဟာ
သတင်းဆိုးတစ်ခုကြောင့်
အိမ်ကိုစိတ်လွတ်စွာရောက်လာခဲ့ပေမယ့်....တကယ်တမ်း
အိမ်ရောက်ရောက်ခြင်းမြင်လိုက်ရသည်က
သူတို့ပြသနာတတ်စကားများတဲ့နေ့မှာ
သူဝတ်ခိုင်းခဲ့တဲ့ ပေါင်တိုဂါဝန်အဖြူကို
ဝတ်ထားရင်းဝိုင်ပုလင်းကို
ပုလင်းလိုက်မတ်တပ်မော့နေသော
နှင်းနီဥသူဟာမောပန်းစိတ်ပူနေချိန်
အဲ့ဒီလိုအနေထားနဲ့မြင်လိုက်ရတော့
ဒေါသရောမောဟပါပေါင်းကာ
အော်ထည့်မိသွားသည်...စစထဲကဂုတ်အောက်ရောက်နေတဲ့
ရွှေဖြူရောင်ဆံပင်တွေနဲ့
ဝိုင်တွေဘယ်နစ်ပုလင်းမှန်းမသိသောက်ချထားတော့
ပါးမို့မို့လေးတွေဟာနီရဲနေပြီ။
မျက်လုံးတွေဟာလည်း
အရင်ချိန်လိုမာနတွေပါမနေ...ရင်ဘက်ကြယ်သီးတွေဖွင့်ချထားသော
အနက်ရောင်ဝတ်စုံနဲ့
leather ဖိနပ်ကိုပါအပေါ်ထိ
စီးတတ်လာရသည်အထိလွတ်ခဲ့ရသောလူကြမ်းဟာ...
လက်ရှိနှင်းနီဥရဲ့ပုံစံကိုမြင်ပြီး
သူပေါင်း အရူးလုပ်ခံလိုက်ရသည်ကို
သိသွားရသဖြင့်....
ESTÁS LEYENDO
ရန်သူ OC ver S1"Completed"
FanficNote::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။