I am your shadow(ငါ့ဟာမင်းအရိပ်)
အပိုင်း (5)
Unicode.....
အရိပ်အခုဆိုဒီအိမ်ရောက်ကြီးကို
ရောက်နေသည်မှာ (သုံး)ရက်ရှိသွားပြီဖြစ်သည်။မေမေမာန်နဲ့ဖေကြီးကမနက်ဆိုကိုယ်စီ
အလုပ်သွားကြ ပြီးညနေစောင်းလောက်မှပြန်လာတတ်သည်။ဖွားဖွားကြီးကလည်းလက်ဝတ်ရတနာဆိုင်ကို
နေတိုင်းလိုလိုသွားထိုင်ရတာကြောင့်အရိပ်နှင့်မတွေ့ဖြစ်တာအိမ်စရောက်ကတည်းကပင်ဖြစ်သည်။....ဖွားဖွားကြီးနှင့်တစ်ခါဆိုတစ်ခါမှစကားမပြောဖူးသေးပေ။ပုံမှန်ဆိုထမင်းစားချိန်တွေမှာမေမေမာန်နဲ့ဖေကြီးကပြန်လာတတ်ပြီးဖွားဖွားကြီးကလည်းမေမေမာန်တို့နှင့်တူတူပင်ထမင်းလာစားသည်။
ထမင်းစားတိုင်းကိုကိုစားပြီး
လောက်မှအရိပ်က..စားရသည်။ပြီးတော့ကိုကိုစားထားတဲ့ပန်းကန်။အရိပ်ကို ကိုကိုပန်းကန်နဲ့မှစားစေသည်။
ကိုကိုက အရိပ်ထမင်းစားတိုင်း
အမြဲ ဘေးမာ နေပြီးအရိပ်ကိုစောင့်
ကြည့်နေတတ်သည်။အရိပ်ထမင်းစားကုန်ချိန်ပြီးလောက်မှ ထမင်းဝိုင်းမှထတတ်သည်။
အရိပ်စားပြီးတိုင်းအရိပ်အမြဲသဘောကျရတဲ့စကားလေးက...
"အင်းလိမ်မာတယ်တဲ့"
ကိုကိုနဲ့လည်းအရိပ်အခုထိစကားမပြောဖူးသေးပေ။
အရိပ်အမြဲတွေးနေမိတဲ့အရာတစ်ခုက။
တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတစ်စုံ။
အပြုံးအရယ်မရှိပဲတည်ထားတဲ့ကိုကို့မျက်နှာက ဘာတွေကိုအလိုမကျဖြစ်နေပါလိမ့်။ဒီစံအိမ်ကြီးကိုစရောက်ကတည်းကအရိပ်ကလေးမှာဘာဆိုဘာမှမလုပ်ရတာကြောင့်နဂိုကတည်းကအဖြူရောင်အသားအရည်လေးတွေကစိုပြေလာကာဖြူသည်ထက်ဖြူလာသည်။
အရိပ်ကိုပြည့်ပြည့်စုံစုံထားပေးတဲ့မေမေမာန်နဲ့ ဖေကြီးကိုသိပ်ကျေးဇူးတင်မိသည်။...
ပြတင်းပေါက်အပြင်ဘက်ကိုငေးရင်းကလေးငယ်လေးက အိမ်ကိုတောင်သတိရသွားမိသည်။ငယ်ငယ်ကတည်းကအတူရှိခဲ့တဲ့ အရိပ်ရဲ့မိသားစုလေးကိုတော့သိပ်ကိုမှ
သတိရမိသည်။...
YOU ARE READING
I am your shadow💙(Season (1) Complete)💙