I am your shadow(ငါဟာမင်းရဲ့အရိပ်)
အပိုင်း (34)...
Unicode....
ဘဝမှာလွတ်မြောက်ခြင်းဆိုတာ သေခြင်းတရားကိုသွယ်ဝိုက် ညွှန်းဆိုလိုက်တဲ့အရာပဲ။ရှင်သန်ခြင်းနဲ့လွတ်မြောက်ခြင်းဆိုရင်တော့ ရှင်သန်ခြင်းကိုပဲ အကြိမ်ကြိမ်ရွေးချယ်နေမိမယ်ထင်တယ်။
ရှင်သန်ခြင်းတွေအများကြီးထဲမှာမှချစ်ခြင်းမေတ္တာအပြည့်နဲ့ရှင်သန်ချင်တာအတ္တတစ်ခုတော့ဘယ်ဟုတ်မလဲ။
ဘဝမှာတစ်ခါလောက်တော့ကိုယ်ချစ်ရသူတွေဆီကအချစ်ခံချင်မိသည်။ကိုယ်ချစ်ရတဲ့သူတွေဆီကဂရုစိုက်မှုကိုလိုချင်မိသည်။အထူးသဖြင့်သိပ်ချစ်ပြီး၊သိပ်မြတ်နိုးရတဲ့ ထိုကောင်လေးဆီက။
ကိုယ်ချစ်ရသူတစ်ယောက်ကအခြားသူတစ်ယောက် နဲ့ပျော်ရွှင်နေတာကိုမြင်ရတဲ့အခါ၊သူပျော်ရင်ကိုယ်လည်းပျော်တယ်လို့ပြောတဲ့သူကတကယ်တမ်းတော့ ညာနေတာပဲ။အနည်းဆုံးတော့ဒီနှလုံးသားရဲ့တစ်နေရာမှာစူးနစ်စွာနာ
ကျဥ်ရတာပဲမဟုတ်လား။ကိုယ်က မင်းကိုသိပ်ချစ်တယ်ကလေးငယ်။မင်းက ကိုလေးကိုသိပ်ချစ်တယ်။ မင်းချစ်တဲ့ကိုလေးကလည်းမင်းကိုသိပ်ချစ်တယ်။ ဘာလိုသေးလို့လဲ။ ပြီးပြည့်စုံနေပြီမဟုတ်လား။အဆုံးသတ်မှာ မင်းတို့နှစ်ယောက်ပျော်ရွှင်စွာပေါင်းဖက်ပါ။
ကိုယ်ကတော့ မင်းတို့ရဲ့အဝေးဆုံးတစ်နေရာရာကနေ မင်းတို့အတွက်ဝမ်းသာပေးနေမှာပါ။
ကလေးငယ် အတ္တကြီးစွာ ကိုယ်ချစ်တဲ့မင်း အခြားသူနဲ့ပျော်နေတာကိုတော့ ကြည့်မနေနိုင်တာခွှင့်လွှတ်ပါ။အခွင့်အရေးရှိရင် မင်းကို ကိုယ့်ရင်ခွင်ထဲ
ထည့်ပြီးသိပ်ချစ်တဲ့အကြောင်းတွေပြောပြချင်ပါရဲ့။ကိုယ်သိပ်ချစ်ရတဲ့ကလေးငယ်တိတ်ဆိတ်စွာ မင်း အနားကထွက်သွားခွင့်ပြုပါ။
ပြိုလုဆဲဆဲ ခန္ဓာကိုယ်ကြီးကို ထိန်းကာ တံတားတံစင်းလေးအပေါ်မှာရပ်နေမိသည်။မှောင်နေပေမဲ့ကားတစ်စီးဖြတ်လာတိုင်း ကားမီးမှမှုန်ပျပျအလင်းရောင်များကြောင့် တစ်အားကြီးတော့အမှောင်ဘက်မရောက်။
YOU ARE READING
I am your shadow💙(Season (1) Complete)💙