I am your shadow(ငါ့ဟာမင်းရဲ့အရိပ်)
အပိုင်း(4)
Unicode.....
အရိပ်လည်းဒေါ်ဒေါ်လက်ကိုတွဲကာစံအိမ်ကြီးထဲဝင်လာခဲ့သည်။
ဒေါ်မာန်မိုးမြင့်ကသာအရိပ် မေမေလို့ခေါ်ခိုင်းပေမဲ့ အရိပ်အတွက်တော့ မေမေ့ဆိုတဲ့နာမ်စားကသိပ်အသားမကျဘူးဖြစ်နေသည်။
" မေမေ"
"ပြောလေအရိပ်"
"အရိပ်လေ မေမေ့ကို မေမေမာန်လို့ ခေါ်လို့ရလားဟင်"
"ရတာပေါ့ရှင် ဟောဒီကအရိပ်လေးကြိုက်သလိုခေါ်"
ဒေါ်မာန်မိုးမြင့်ကပါးနှစ်ဖက်ကိုဆွဲဖဲ့လိုက်သည်။...
အရိပ်ကပြုံးလိုက်တော့ဦးဝဏ္ဏကပါအတူပြုံးလိုက်ရင်းအရိပ်လေးကိုမေးလိုက်သည်။
"ဒါဆိုဖေဖေ့ကိုကော ဘယ်လိုခေါ်မလဲ"
"ဖေကြီး လို့ခေါ်မယ်"
"ဘာလို့"
"ဖေကြီးက အရိပ်ဖေဖေထက် အသက်ကြီးမယ်ထင်လို့"
"ဟောဗျာ အရိပ်လေးက ဖေကြီးကိုအသက်ကြီးတယ်လို့ပြောလိုက်တာလား"
"မဟုတ်ရပါဘူး အရိပ်က မပြောပါဘူး"
"ဟုတ်ပါပြီဗျာ အတတ်ကလေး "
"မေကြီးရေ ကိုတို့ဂုဏ်လေးတော့ အဖော်ရတော့မှာပဲနော်။ အရိပ်ကလေးကစကားအရမ်းတတ်တာ။"
ဦးဝဏ္ဏကအရိပ်ကိုကြည့်ရင်စတစ်လှည့်ပြောလိုက်နဲ့မာန်ကိုတစ်လှည့်ပြောလိုက်နဲ့။
"ဟုတ်တယ်ကို ဂုဏ်လေးက စကားအရမ်းနည်းတာ တစ်ယောက်တည်းနေတာများတော့ အရိပ်လေးနဲ့သာဆို စကားပြောလာမာ။ခုနကတောင်အရိပ်လေးကိုအသဲယားလို့တဲ့လေ"
မေမေမာန်နဲ့ဖေကြီးကိုသိတာမကြာသေးပေမဲ့အရိပ်အတွက်တော့တကယ်ကိုမိဘအရင်းတွေလိုပါပဲ။အရိပ်မိဘတွေဆီကတောင်မရခဲ့ဖူးတဲ့ဂရုစိုက်မှုမျိုးတွေအထိမေမေမာန်တို့ဆီကရခဲ့တယ်။ အရိပ်ကိုအရမ်းချစ်ပေးလို့လည်းတစ်ဘဝလုံးကျေးဇူးတင်နေမိမယ်ထင်တယ်။
အရိပ်လေးကိုလက်တွဲကာဝင်လာရင်းအိမ်ထဲ ရောက်တော့ ဒေါ်မြင့်ထည်ဝါကဧည့်ခန်းထဲမှာခြေချိတ်ထိုင်နေလေသည်။
YOU ARE READING
I am your shadow💙(Season (1) Complete)💙