I am your shadow(ငါ့ဟာမင်းရဲ့အရိပ်)
အပိုင်း (10)
Unicode......
သာယာတဲ့မနက်ခင်းလေးမှာ ငှက်ကလေးတွေကတေးသံကျူးနေကြတယ်။
နိုးထလိုက်တဲ့မနက်ခင်းလေးတိုင်း ကိုယ်ချစ်ရသူရဲ့မျက်နှာလေးကိုမြင်ချင်တဲ့ဆန္ဒတစ်ခုတော့အမြဲရှိခဲ့တယ်။
အဲ့ဒါက အရိပ်ရဲ့အတောမသတ်နိုင်တဲ့ဆန္ဒတစ်ခုဆိုပိုမှန်မလားပဲ။
တောင်းစရာမလိုပဲပြည့်တဲ့တောင်း
ဆုတစ်ခုသာ ရခဲ့မယ်ဆိုရင် ကိုကိုဆိုတဲ့ထိုလူသားလေးရဲ့မျက်နှာကို နေထွက်ချိန်မှစ နေဝင်ချိန်အထိ ငေးကြည့်နေချင်မိတယ်။ဒါဟာရှူးသွပ်ခြင်းတစ်ခုပါလားလို့ပြောရင်အရိပ်တကယ်ကိုရှုးသွပ်နေတဲ့လူတစ်ယောက်ဖြစ်မယ်ထင်တယ်။
အချစ်ဆိုတဲ့အရာအတွက်ပေါ့။
အချစ်ဆိုတဲ့အရာက ဘာသာပြန်လို့မရတဲ့ နက်ရှိုင်းခြင်းတစ်ခုတဲ့။
လေးနက်တယ်။
ချစ်မိသွားတဲ့သူတိုင်းက
အခြားသူတွေနားလည်လို့
မရလောက်အောင်အထိ
လေးနက်သွားတတ်ကြတယ်။အရိပ်အချစ်ကကော?
အရိပ်အချစ်က အဲ့လောက်ထိမလေးနက်သေးဘူးထင်တယ်ကိုကို။ဘာ ကြောင့်ချစ်မိသွားလဲလို့မေးရင်တော့ အရိပ်မှာအဖြေရှိမယ်မထင်ဘူး။ ဘာလို့ဆို အချစ်က အကြောင်းပြချက်မှမလိုပဲ။
"ဆူး ရေ ဆူး"
"လာပါပြီကွယ်"
"ဟုတ်ဆူး"
"ဘာလို လို့လဲအရိပ်လေး"
"ကိုကို့ ကို မတွေ့လို့"
နိုးနိုးချင်း ဂုဏ်အခန်းကိုသွားပေမဲ့ ဂုဏ်ကိုမတွေ့တာကြောင့်မေးလိုက်ခြင်းမိသည်။ပုံမှန်ဆိုဂုဏ်က နောက်ကျမှထလေ့ရှိပေမဲ့ဒီနေ့တော့ အခန်းထဲမှာရှိမနေတာကြောင့်ဖြစ်သည်။
"အရိပ်လေးနဲ့တော့နော် မျက်လုံးလေး
ပွင့်ပြီဆိုတာနဲ့ သူ့ကိုကို ကိုစမေးပြီ"ဆူးပြောလိုက်တော့ရှက်သွားတဲ့မျက်နှာလေးနှင့်ခေါင်းလေးငုံ့သွားသည်...
YOU ARE READING
I am your shadow💙(Season (1) Complete)💙