အပိုင်း(24)☘️☘️☘️(U+Z)

15.3K 778 78
                                    

I am your shadow (ငါ့ဟာမင်းရဲ့အရိပ်)

အပိုင်း(24)...

Unicode

"အရိပ်တို့လက်ထက်ကြရအောင်"

ဒီအခိုက်အတန့်လေးတစ်ခု? သေချာတယ် ကဗ္ဘာလောကကြီးတစ်ခုလုံးရပ်တန့်သွား သလိုပဲ။

သွေးကြောတွေပဲပြောင်းပြန်စီးဆင်းသွားတာလား။

အိမ်မက်တွေထဲပဲပိတ်မိနေတာလား
မသဲကွဲတော့။နေ့တွေ ညတွေပဲလွဲမှားနေခဲ့တာလား။

အရိပ်က နွေ့ကိုလက်ထပ်မယ်တဲ့။

ခနလေးပါ ဒီအခိုက်အတန့်လေးကို
ခနမျှရပ်တန့်ထားပေးပါ။

ဒီစကားလုံးလေးနဲ့ဒီအငွေ့အသက်လေးကို အကြာကြီးသိမ်းထားချင်မိလို့။

ဘာတွေဖြစ်နေလဲဆိုတာနွေတကယ်ပင်မသိတော့။

နွေတစ်ကိုယ်လုံးပူထူပြီး ဘာမျှစဥ်းစားမရတော့။

နွေ့မှာပျော်လွန်းလို့ အမြင်အာရုံတွေ
ဝေဝါးစွာနှလုံးခုန်နှုန်းပင်ရပ်တန့်သွား
သယောင်ယောင်။အသက်ရှုနှုန်းတွေလည်းမပုံမှန်မဟုတ်ချင်တော့။

ဒီစကားလေးတစ်ခွန်းနဲ့တင်ကိုယ်သေလို့ရနေပါပြီ။

ကိုထင်ထားခဲ့တာ။အရိပ်အနားကို
ကိုလေးပြန်ရောက်လာခဲ့ရင် နွေသေချာပေါက်ကျန်ခဲ့ရလိမ့်မယ်လို့။

ဘာလို့လဲဟင်အရိပ်။နွေကိုမချစ်ဘဲဘာလို့လက်ထပ်ကြမယ်လို့ပြောရတာလဲ။

ကြားကြားချင်းသိပ်ကိုပျော်ခဲ့ပေမဲ့ ခနအကြာ အတွေးတစ်ချို့ကခေါင်းထဲ
ဝင်ရောက်လာတာမို့ရင်ထဲပူလောင်နေမိသည်။

လှည့်စားပါအရိပ်။မင်းအနားမှာရှိနေရုံနဲ့ကျေနပ်နေတဲ့ကိုယ့်ကို အဆုံးထိလှည့်စားပါ။....

အပျော်ဆိုတာထက်ခပ်ဆွေးဆွေးဖြစ်နေတဲ့မျက်နှာထားဖြင့််....

"နွေနဲ့လက်ထပ်ပြီးရင်တကယ်နောင်တ မရမှာသေချာလားအရိပ်"

"အရိပ်နောင်တရမှာမဟုတ်ဘူးနွေ"

အခြားတစ်ယောက်ကြောင့် ကိုယ့်ကိုလက်ထပ်မှာမျိုး ကိုယ့်ကိုသနားလို့လက်ထပ်မှာမျိုး ကိုယ်တကယ်မလိုချင်မိတာတော့အမှန်။

I am your shadow💙(Season (1) Complete)💙Where stories live. Discover now