အပိုင်း(39)☘️☘️☘️(Unicode)

15.2K 511 51
                                    

I am your shadow(ငါဟာမင်းရဲ့အရိပ်)..

အပိုင်း(39)

Unicode......

အရိပ်ကခရီးတွေသိပ်မထွက်တာမို့ချင်းပြည်ခရီးကိုတော့ဂုဏ်စိတ်ပူမိတာအမှန်။လမ်းကကြမ်းတာနဲ့အေးတာရောကြောင့်ဒီကလေးခံနိုင်ရည်ရှိပါ့မလားစိတ်ပူမိသည်။ဒေသအပြောင်းအလဲလည်းဖြစ်တာကြောင့် ဖျားနာမှာစိုးရိမ်ရသည်။အစားအသောက်ကအစကွဲနိုင်တာမို့လိုက်လျောညီထွေမှုရှိအောင်နေနိုင်ပါ့မလားတွေးတွေးပြီးရင်မအေးရ။ဒီမှာတစ်ယောက်တည်းထားခဲ့ပြန်ဖို့ကျတော့လည်းစိတ်မချနိုင်။ခနလေးတောင်မခွဲနိုင်တာလည်းပါမည်။

အခုလည်း အရိပ်ဝတ်ထားတဲ့အင်္ကျီကပါးလို့ဆိုပြီး သိုးမွေးအကျီအထူကြီးဝတ်ခိုင်းထားတာအရိပ်မှာအကျီထဲပျောက်နေသည်။ခေါင်းစွပ်ကအစအကြီးကြီးမို့အရိပ်မျက်နှာပင်မမြင်ရတော့ပေ။

"အခုကသိပ်မအေးပေမဲ့ ချင်းပြည်နယ်ဘက်ကျတစ်အားအေးလာမှာ။"

ပြောရင်းအရိပ်အင်္ကျီကိုအနည်းငယ်ပြင်ကာ ကြယ်သီးတပ်ပေးလိုက်ပြီး သိုးမွေးမာဖလာအားပတ်ပေးလိုက်သည်။အရိပ်မှာတစ်ကိုယ်လုံးအဝတ်တွေနဲ့ပတ်ထားသလားအောက်မေ့ရလောက်အောင်ပင်။

"စက်အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ "

"ဒါဆို ထွက်လာလိုက်တော့ "

အရိပ်လည်းဂုဏ်ဖုန်းစကားပြောနေတာ
ကြောင့် ဂုဏ်ပြောပြီးတာနဲ့အဆင်သင့်သွားရန် Laggueအိတ်ကိုကားထဲထည့်ရန်ကားနားအထိဆွဲသွားလိုက်ပြီး ကားနားရောက်တော့တင်ရန် "မ"လိုက်သည်။ အရိပ်မှာအားမာန်အပြည့်နဲ့"မ"လိုက်ပေမဲ့ luggueအိတ်ကနေရာမှမရွေ့။အရိပ်က သုံးလေးရက်ခရီးမို့ အဝတ်အစားအနည်းငယ်လောက်ပဲရွေးထည့်ပေးမဲ့ဂုဏ်ကအိတ်အပြည့်ထပ်ထည့်လိုက်သည်။အရိပ်ကအတော်အသင့်နွေးရုံလောက်ပဲထည့်ထားပေမဲ့ဂုဏ်ကထူထူထဲထဲအနွေးထည်ကြီးတွေထည့်လိုက်တာမို့အိတ်က လေးလွန်းလို့"မ"တောင်မ
နိုင်။

"လေးတာတွေမ "မ" နဲ့လို့ပြောထားတယ်မဟုတ်လား။နိုင်တာလည်းမဟုတ်ပဲနဲ့"

ပြောလည်းပြောအရိပ်ခေါင်းကိုလက်ဖြင့်ဖြေးဖြေးလေးပုပ်လိုက်ကာမျက်မှောင့်ကျုံ့လိုက်သည်။

I am your shadow💙(Season (1) Complete)💙Where stories live. Discover now