I am your shadow (ငါဟာမင်းရဲ့အရိပ်)
အပိုင်း (36)......
......Unicode
"စက် ထတော့....."
စောင်ခေါင်းမူးခြုံကာ အိပ်နေတဲ့ အမောင်စက် ကိုမနည်း နိုးနေရသည်။ဘယ်လို အပျင်းထူပြီး ညစ်ပတ်တဲ့သူနဲ့တစ်အိမ်ထဲနေ နေရလဲမသိ။
နေပင်အတော်မြင့်နေပြီသူကအခုထိအိပ်နေတုန်း။ကိုယ့်မာ(6)နာရီကတည်းကထပြီး မနက်စာကအစအိမ်သန်ရှင်းရေးကအဆုံးလုပ်ပေးပြီးပြီ။ခနနေလည်းဆေးရုံသွားရတော့မာမို့ သူ့ကိုနိုးရသည်။ကိုယ့်ဟာနဲ့ကိုယ်ဆိုချက်ချင်း ကောက်သွားလို့ရပေမဲ့ဘယ်သွားသွားသူလိုက်ပို့မယ်တဲ့။အဲ့ဒါကြောင့်ဆေးရုံသွားဖို့တောင်သူ့ကို နိုးနေရတဲ့အဖြစ်။"အမောင် စက်ရေ နေမြင့်တော်မူနေပါပြီ။
ထလို့ရပါပြီခင်ဗျ""အင်းးးးးး"
တော်ပါသေး ပြန်ဖြေသေးလို့။
နွေလည်း စက်ထပြီအထင်နဲ့ရေချိုးကာ ဂျူတီကုပ်အင်္ကျီကိုလဲပြီး ဆေးရုံသွားရန်ထွက်လာလိုက်သည်။သို့သော်အခုထိ မထသေးတဲ့စက်ကြောင့်စိတ်သာတိုမိသည်။
ကိုယ့်မှာထပြီအထင်နဲ့အဝတ်အစားတွေလဲနေတာသူကအခုထိအိပ်တုန်း။ တကယ်ပဲ
ဆူးရဲ့သားမှဟုတ်ရဲ့လား။"စက်ရေ...စက်ရေ ထတော့ "
စောင်ကိုဖယ်ကာ စက်ပခုံးကိုအတင်းလှုပ်နှိုးနေသည်။ရုတ်တရက်နွေရဲ့လက်ကိုဆွဲချလိုက်တော့ နွေ့မှာဆိုဖာပေါ်ပြုတ်ကျပြီးစက်ရင်ခွင်ထဲသို့ရောက်သွားသည်။ရင်ခွင်ထဲဝင်လာတဲ့နွေ
ကြောင့်စက်နှုတ်ခမ်းတွန့်ရုံမျှကျေနပ်စွာပြုံးလိုက်သည်။"စက် လွှတ် "
"ငြိမ်ငြိမ်လေးနေ မောင်......အေးလို့"
"မင်းဟာမင်းအေးရင် စောင်ခြုံပါလား။ဘာလို့ငါ့ကိုဖက်ထားတာလဲ"
"မောင်က မောင့်စောင်ကိုခြုံနေတာပဲလေ။နွေပဲ
မောင့်စောင့်ကိုအရင်လာဖယ်တာမဟုတ်လား။ပြီးတော့ နွေကအရမ်းနွေးလို့ မောင်ကဖက်ထားတာ""မင်းဘယ်ချိန်ထိမောင်လို့ ပြောနေအုံးမှာလဲ"
"မောင်မသေမခြင်း"
YOU ARE READING
I am your shadow💙(Season (1) Complete)💙