I am your shadow(ငါဟာမင်းရဲ့အရိပ်)
အပိုင်း (12)
Unicode....
မှောင်ရီပျိုးစအချိန်မို့နေမင်းကြီးလဲကွယ်ပျောက်သွားကာ
ငှက်ကလေးများလည်းအိပ်တန်းဝင်နေပြီဖြစ်သည်။ဆောင်းညရဲ့အေးစိမ့်တဲ့ အအေးဓာတ်က တစ်စတစ်စနှင့် လေပြေအေးများ
ကလည်း တို့ဝှေ့ကာတိုက်ခတ်နေသည်။ဂုဏ်နှင့်ဒေါ်မြင့်ထည်ဝါတို့မှာ တစ်အိမ်တည်းရှိနေပါသော်လည်း စကားသိပ်မပြောပေ။မတွေ့ဖြစ်တာလည်းပါမည်။
အစကတည်းကအေးစက်စက်နိုင်တဲ့ဂုဏ်ကစိတ်ခံစားမှုအပါအဝင်အရာအာလုံးမီးလို တစ်ဟုန်းဟုန်းတောက်လောက်စေခဲ့တဲ့အရာဒေါ်မာန်မိုးမြင့်ဆုံးပါးသွားရတဲ့အကြောင်းအရာတစ်ခု။
"ဂုဏ်!
အရိပ်ကအခုဆိုရင် သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်တဲ့အရွယ်ရောက်နေပြီ"
"အင်း"
ဒေါ်မြင့်ထည်ဝါကဂုဏ်ကိုလေးလေးနက်နက်ပြောနေသော်လည်း
ဂုဏ်ကဆိုဖာပေါ်ကျောမှီကာ
မျက်လုံးနှစ်ဖက်ကို မှေးစင်းထားသည်။ခေါင်းမော့ထားတာကြောင့်
မေးရိုးထင်းထင်းကြီးတွေက ကားထွက်လျက်။ယောကျားပီသစွာတောင့်တောင့်တင်းတင်းခန္ဓာကိုယ်နှင့်အတူရင်ဘတ်အထိ ကြယ်သီးများဖြုတ်ထားတာကြောင့်ရင်အုပ်ကျယ်ကြီးများက လျှံထွက်နေတော့သည်။"အဲ့တော့ အရိပ်ကိုဒီအိမ်မှာဆက်နေခိုင်းစရာအကြောင်းမရှိတော့ဘူး"
"အရိပ်ဒီအိမ်မှာဆက်နေရမယ်"
"ဂုဏ် မင်းမေ့နေပြီလားမင်းအမေ
သေရတာအရိပ်ကြောင့်ဆိုတာ""မေ့နေပြီလားတဲ့!
ဟက်.....
အသက်နဲ့ခန္ဓာသာစဲသွားမယ်မေမေဘာကြောင့်သေရလဲဆိုတာဘယ်တော့မှမမေ့ဘူး...
"အရိပ်ကိုမမုန်းဘူးလား"
"မုန်းတာပေါ့ သိပ်မုန်းတာ"
"ဒါဆိုဘာလို့အရိပ်ကိုဒီအိမ်မှာဆက်ထားရမှာလဲ"
"ဘာလို့လဲဆိုတော့ အရိပ်ဒီအိမ်မှာ ဆက်နေကိုနေရမှာ....
YOU ARE READING
I am your shadow💙(Season (1) Complete)💙