အပိုင်း(32)☘️☘️☘️(U+Z)

16.9K 847 53
                                    

I am your shadow(ငါဟာမင်းရဲ့အရိပ်)

အပိုင်း (32).....

Unicode....

အရိပ် အတွေးများနေမိသည်။ခနတာအတွင်းမှာဖြစ်သွားတဲ့အကြောင်းအရာတစ်ချို့ကမယုံကြည်စွာနိုင်လောက်အောင်ပင်။

"ကိုကိုက မိန်းမနဲ့ကလေးရသွားပြီတဲ့လား။"

အရိပ်အသက်မဲ့စွာအခန်းထဲမှာတစ်ယောက်တည်းနေ နေမိသည်။

"ကိုကို့ ကိုအရိပ်တစ်ယောက်တည်းပိုင်ဆိုင်ရပြီထင်နေခဲ့တာ။တကယ်တော့မဟုတ်ခဲ့ဘူးပဲ။ကိုကို့ ကိုပိုင်ဆိုင်ရဖို့ အရိပ်မှာ ကံမပါလာဘူးနဲ့တူပါတယ်။

"ဒေါက်.... ဒေါက်"

တံခါးခေါက်သံကြားသော်လည်း အရိပ်အသိစိတ်မရှိစွာ ဘာတုန့်ပြန်မှုမှမရှိ။

"အရိပ်...အရိပ် ဆူးတို့ကိုတံခါးဖွင့်ပေးပါအုံး "

"အရိပ် ဖွားဖွား တို့စကားလေးနည်းနည်းပြောချင်လို့"

ဒေါ်မြင့်ထည်ဝါနဲ့ ဆူးတို့အသံဖြစ်တာကြောင့်အရိပ်စိတ်မပါသော်လည်းပြန်ဖြေလိုက်လိုက်သည်...

"ကျွန်တော်ကို တစ်ယောက်တည်းလွှတ်ထားပေးပါ "

"အရိပ် ခြံထဲမှာ ဂုဏ်လေးဒူးထောက်နေတာ 1နာရီပြည့်တော့မယ် လုပ်ပါအုံး နေတွေလည်းအရမ်းပူနေတယ်။ကြာရင်ဂုဏ်လေးတစ်ခုခုဖြစ်သွားလိမ့်မယ်"

အရိပ်ကုတင်ပေါ် မှချက်ချင်းဆင်းကာ ပြတင်းပေါက်နားသွားလိုက်သည်။ လိုက်ကာစအနည်းငယ်ဖွင့်ကြည့်လိုက်တော့ဂုဏ်ကဒူးထောက်ကာရပ်နေသည်။

ပူပြင်းလွန်းတဲ့နေကြောင့်ဂုဏ့်တစ်ကိုာ်လုံးချွေးစေးများပင်ကျနေသည်။
အားမရှိတော့သယောင်ယောင်ပျော့ခွေနေပေမဲ့အရိပ်စိတ်ဆိုးပြေမဲ့အထိ
ဂုဏ်ဒူးထောက်ကာရပ်နေသည်။

"ဒါဘာလုပ်ရတာလဲ။ ခင်ဗျား အရှုးလား။"

အရိပ်ထိုမြင်ကွင်းကိုဆက်မကြည့်နိုင်တော့တာကြောင့် လိုက်ကာစကိုပြန်ပိတ်ကာ ပြတင်းပေါက်ကိုကျောမှီ
ပြီးမျက်လုံးတွေမှိတ်ထားလိုက်သည်။

သို့သော်ဂုဏ့်ဆီကိုတော့သွားခြင်းမရှိ။

အရိပ်စိတ်ဆိုးပြေဖို့အတွက် ကိုကို ဒီလိုတွေလုပ်နေပေမဲ့ တကယ်တမ်းအရိပ်မှစိတ်မဆိုးပဲ။ ကိုကို့အပေါ်ချစ်တဲ့အရိပ်အချစ်တွေက မြစ်တစ်စင်းလိုပဲ။အဆုံးအစမရှိတဲ့ပင်လယ်ကြီးထဲစီးဝင်သလို အရိပ်မှာရှိသမျှအရာရာအားလုံး ကိုကိုအတွက်ပေးဆပ်ချင်တာ။ကိုကို့ဆီက
ရယူပိုင်ဆိုင်လိုစိတ်တစ်စုံတစ်ရာမရှိတာကြောင့် ကိုကိုလုပ်သမျှအရိပ်အပစ်မမြင်ရက်ပါဘူး။

I am your shadow💙(Season (1) Complete)💙Where stories live. Discover now