I am your shadow(ငါဟာမင်းရဲ့အရိပ်)
Unicode...
အပိုင်း (35).....
"အင်္ကျီချွတ် "
"မချွတ်ဘူး"
"ကလေး!"
"ကိုကို "
Bath tube ထဲမှာနှစ်ယောက်သား
ဝင်ထိုင်ပြီး ဂုဏ်ကအင်္ကျီချွတ်ခိုင်းသော်လည်းပေကပ်ကပ်လုပ်နေတဲ့အရိပ်ကြောင့်ဂုဏ်စိတ်မရှည်တော့။"အင်္ကျီမချွတ်ပဲ ဘယ်လိုချိုးမှာလဲ"
"အရိပ်ဟာအရိပ်ချိုးမယ်လေ။ "
"မရဘူး။ကိုကိုချိုးပေးမယ်"
"အရိပ်ကလေးမဟုတ်တော့ဘူးလေကိုကို"
"ကိုကို့မျက်စိထဲမှာတော့ အရိပ်က ကလေးပဲ။ဟိုးငယ်ငယ်တုန်းကလည်းအရိပ်က ကိုကိုကလေးလေးပဲ။အခုလည်း ကိုကို ကလေးလေးပဲ။နောင်လည်းကိုကို ကလေးလေးပဲ ဖြစ်နေမှာ"
"အရိပ်အရွယ်ရောက်နေပြီကိုကို။အရိပ်ရင့်ကျက်နေပြီ"
တကယ်လည်းအရိပ်ကရင့်ကျက်ပါသည်။အရိပ်ကအရာရာကိုချင့်ချိန်
စဥ်းစားတတ်ပြီး ဖြစ်သင့်မဖြစ်သင့်
ဆိုတာလည်းသိသည်။ငယ်ငယ်ကတည်းက တစ်ယောက်တည်းရုံးကန်ခဲ့ရတာကြောင့် တော်ရုံအခက်အခဲတွေလောက်တော့ မ"မှု"တော့။ ဖော်ဖော်ရွှေရွှေဆက်ဆံတတ်ပေမဲ့မဟုတ်မခံစိတ်တော့ရှိသည်။တစ်ချို့သောကိစ္စတွေမှာတော်ရုံဆိုသည်းခံတတ်ပေမဲ့ တရားလွန်လာရင်တော့ငြိမ်မခံတတ်ပေ ။ အလုပ်မှာကော၊ပတ်ဝန်းကျင်မှာကော၊ရောနှောနှောနေလေ့မရှိပဲ သီးသန့်နေထိုင်တတ်ကတော့အရင့်၏အကျင့်တစ်ခုပင်ဖြစ်သည်။
စံအိမ်ကြီးရဲ့ မိသားစုလုပ်ငန်းကြီးဖြစ်တဲ့ စိန်ရွှေ ရတနာလုပ်ငန်းကိုလည်းတစ်ယောက်တည်းတာဝန်ယူကာဦးဆောင်နေသူဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အပြင် သန်မာတဲ့သူလည်းဖြစ်သည်။
အလုပ်ထဲမှာဆို အရိပ်ကို အလုပ်သမားအားလုံးနီးပါး "ရှိန်"ကြသည်။လေးလေးစားစားလည်းဆက်ဆံကြသည်။ပုံမှန်ဆိုအရိပ်က တစ်စက်ကလေးမှမပြုံးတတ်။
ဘယ်လောက်ပဲအရိပ်ကလူအများအမြင်မှာ အားကျရလောက်တဲ့
ယောကျ်ားတစ်ယောက်ဖြစ်ဖြစ် ဂုဏ်နှင့်ဆိုရင်တော့ ဂုဏ်ပြောသမျှနာခံတတ်တဲ့နယ်ရုပ်လေးတစ်ရုပ်မျှသာ။ဂုဏ်နှင့်ပတ်သက်လာရင်အရိပ်ကအရာရာပျော့ညံ့သည်။ဂုဏ်ဆိုးသမျှကိုလည်းသည်းခံပေးသည်။ဂုဏ်ဘာပဲလုပ်လုပ်အပြုံးမပျက်ပဲအနားမှာနေပေးခဲ့သည်။ ဂုဏ့် လုပ်သမျှအရာတွေကိုလည်းအပြစ်ဟူ၍မြင်ခဲ့ခြင်းမရှိ။
ဂုဏ့်အပေါ်ထားရှိတဲ့အရိပ်ရဲ့ချစ်ခြင်းမေတ္တာက ဘယ်လောက်တောင်လဲဆိုရင် အရိပ်တို့(10)တန်းအောင်စရင်းထွက်ကတည်းက အရိပ်သိပ်ကိုမျှော်လင့်ထားတဲ့ဆရာဝန်ကိုမလုပ်ပဲ ဂုဏ့်အနားမှာသာနေပေးခဲ့သည်။
![](https://img.wattpad.com/cover/283270144-288-k859630.jpg)
YOU ARE READING
I am your shadow💙(Season (1) Complete)💙