အပိုင်း(6)☘️☘️☘️(U+Z)

22.4K 1.3K 88
                                    

I am your shadow(ငါ့ဟာမင်းရဲ့အရိပ်)

အပိုင်း (6)

Unicode......

စံအိမ်ကြီးတစ်ခုလုံးကတိတ်ဆိတ်ကာ ငြိမ်သက်နေသည်။အပ်ကျတဲ့အသံတစ်
စေ့တောင်မရှိ။အခန်းတစ်ခုထဲ
တွင်တော့ မျက်နှာချင်းဆိုင်က
လူသုံးယောက်ဟာလည်းအလားတူပင်တိတ်ဆိတ်စွာမျက်နှာမူနေကြသည်။အသက်ရှုသံကလွဲ၍တိတ်ဆိတ်နေတဲ့ထိုအခန်းကြီးကခြောက်ခြားဖွယ်ရာအတိ။ဆိတ် ငြိမ်ရာ ထိုအခန်းထဲမှ ကျယ်လောင်သောအသံတစ်ခုဟာရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဂုဏ် မင်းလွန်သွားပြီလို့ မထင်ဘူးလား"

ဒေါ်မာန်မိုးမြင့် စိတ်ဆိုးစွာပြောလိုက်မိသည်။ ဂုဏ်ကြောင့်အရိပ်မှာ တံဆောင်ဆစ်ဒဏ်ရာရသွားတာပင်
လွန်နေပြီဖြစ်သော်လည်း အခုက
ဖန်ကွဲစတွေအပေါ်မာလမ်းလျှောက်ခိုင်းတာကတော့အရမ်းကိုတရားလွန် သွားပြီ။

ဂုဏ်လေးကို မဆုံးမ ရင်ဒီထက်
ပိုဆိုးလာနိုင်တာမို့ အခုကတည်းကဆုံးမ မှတော်ရာကျချေမည်။

"ဂုဏ့်ကို အော်စရာမလိုဘူးထင်တယ်"

"ဒါဆို မေမေ့ကိုဘယ်လိုပြောစေချင်လဲ ဂုဏ်"

"ဂုဏ်ကကောဘာနေလုပ်လို့လဲ"

"ဂုဏ့်ကြောင့် အရိပ်လေး မေ့လဲသွားတာလေ။"

"အဲ့တော့"

"ဂုဏ် မင်းဘယ်လိုစကားမျိုးပြောလိုက်တာလဲ"

"မေမေ က ဂုဏ်ကို ဘာမဟုတ်တဲ့လူတစ်ယောက်အတွက် အော်နေတာလား"

"ဂုဏ် အရိပ်ကဘာမဟုတ်တဲ့လူပဲ တစ်ယောက်ဖြစ်ပါစေ။ သူကလူတစ်ယောက်ပဲ

မေမေ့မွေးစားသားမဟုတ်ရင်တောင် ဂုဏ်ဒီလိုလုပ်လို့မရဘူး"

"ဒါဂုဏ့်ဆုံးဖြတ်ရမဲ့ကိစ္စ"

"ဂုဏ် အခုစကားပြောနေတာ ဂုဏ့်အမေနော်"

"ဂုဏ် သိတယ်"

"ဒါဆို ဂုဏ် လေးလေး စားစားပြောရမယ်မ ဟုတ်ဘူးလား"

"ဂုဏ် ပြောသင့်တဲ့နေရာမှာပဲပြောမှာ"

"ဂုဏ် မင်းကအလိုလိုက်ထားလို့ ဒီလောက်ဆိုးနေရတာလား"

I am your shadow💙(Season (1) Complete)💙Where stories live. Discover now