အပိုင်း (17)☘️☘️☘️(U+Z)

17.9K 927 135
                                    

I am your shadow(ငါ့ဟာမင်းရဲ့အရိပ်)

အပိုင်း(17).....

Unicode.....

ဒေါ်မြင့်ထည်ဝါကကော်ဖီပူပူလေးသောက်ရင်း သဘောကြနေမိသည်။အခြားအကြောင်းတော့မဟုတ်။

"ဂုဏ် မင်းသိလား...."

ကော်ဖီလေးတစ်ငုံသောက်ရင်းရေ ရွတ်လိုက်သည်။

"မင်းက နွေးလေးနဲ့ အရိပ်ကို ဝေးအောင် လုပ်တယ်....

ဟက် မင်းဖွားဖွားက နွေလေး နဲ့အရိပ်ကို နီးစပ်အောင်လုပ်တယ်....

ဖွားဖွားက မင်းကို အရမ်းအလိုလိုက်တာ...

သိပ်လည်းချစ်တာ...

မင်းဆန္ဒတွေဖြည့်ဆည်းပေးချင်ပေမဲ့
အရေးမပါအရာမရောက်တဲ့ဆန္ဒကိုတော့ပိတ်ပင်ရလိမ့်မယ်ကွယ်...."

ဂုဏ် New york ထွက်သွားပြီးချင်းချင်း
နွေလေးကို အရိပ်အနားခေါ်စေခဲ့သူက ဒေါ်မြင့်ထည်ဝါ။အခုဆို ဒီစံအိမ်ကြီးထဲ နွေလေးရောက်နေခဲ့ပြီဖြစ်သည်။အလည်သဘောနဲ့တော့မဟုတ်။

ဒေါ်မြင့်ထည်ဝါကခြံထဲကနေ
တိုက်ခတ်နေတဲ့လေပြေအေးများ
ကိုခံစားနေရင်း သိပ်ကိုပိရိပြောင်မြောက်လွန်းတဲ့သူ့လုပ်ရပ်ကိုပြန်တွေးနေမိသည်.....

Back©©©©©©©©

ဂုဏ် New yorkကိုသွားရန် ခြံထဲမှထွက်တာကအစလေယာဥ်ပေါ်အထိရောက်တာကအဆုံး ဒေါ်မြင့်ထည်ဝါက
စုံစမ်းနေခဲ့သည်...

လေယာဥ်ပေါ်တက်ပြီဟူသောသတင်းရသည်နှင့်...

"hello နွေလေးလား"

"ဟုတ်ဖွားဖွား"

"အရိပ် လေ အရိပ် အပင်ပေါ်က ပြုတ်ကျပြီး နေမကောင်းတော်တော်ဖြစ်နေတယ်"

"အရိပ်ဘာဖြစ်သွားသေးလဲ"

စိုးရိမ်တကြီးမေးလာတဲ့နွေလေးက ဖုန်းထဲမှာတောင် ပျာယာခတ်တဲ့အသံဖြစ်သွားတယ်ဆိုတော့အပြင်မှာဘယ်လောက်တောင်ဖြစ်နေလိုက်မလဲ....

အရိပ် မင်းက ဂုဏ်နဲ့နွေလေး တို့ကို တမင်တကာ ရန်တိုက်ပေးနေတာနဲ့မတူဘူးလား....

ဂုဏ်နဲ့နွေလေးကလည်း သိပ်ရီရတာပဲ ကြိုက်စရာရှားလို့ မင်းကိုတဲ့လား...

I am your shadow💙(Season (1) Complete)💙Where stories live. Discover now