I am your shadow (ငါဟာမင်းရဲ့အရိပ်)
အပိုင်း (28)....
Unicode.........
မနက်ဖြန်ဆိုရင်အရိပ်ဆန္ဒအတိုင်းအိမ်ကိုလိုက်ပို့ပေးရတော့မှာမို့ကိုကိုတို့ခွဲရတော့မည်။
ကိုကိုသိတယ်ကလေး ကိုကိုသာကလေးကို ပြန်ပို့ပြီးရင်တစ်သက်လုံး ဆုံးရှုံးသွားရတော့မယ်မှန်း။ကိုကိုရဲ့ဆုံးရှုံးရတော့မဲ့တစ်ခုတည်းသောပိုင်ဆိုင်မှုလေးဖြစ်တဲ့ကလေးကို
ကိုကိုမခွဲခင်အချိန်လေးမှာတစ်ဝကြီးကြည့်ချင်မိတယ်။အိပ်ပျော်နေတဲ့အရိပ်မျက်နှာလေးကိုဂုဏ်အကြာကြီးထိုင်ကြည့်နေမိသည်။တမ်းတခြင်း၊ဝမ်းနည်းခြင်းများစွာဖြင့်
သာ။ပါးပြင်ပေါ်ကကကျလာတဲ့ မျက်ရည်စတစ်ချို့ကိုလျစ်လျူကာအရိပ်ကိုသာငေးကြည့်နေမိသည်။အိပ်မပျော်ခြင်းတွေကများနေလို့ပဲလားမသိ။ညဆိုတာဘာလဲလို့မေးရင်ဖြေစရာအဖြေရယ်လို့မရှိ။ဂုဏ်အတွက်ညဆိုတာ ခနတာမှေးစက်အိပ်ပျော်သွားတဲ့အခိုက်အတန့်ပဲ။ ဆေးအကူအညီနဲ့ အိပ်စက်ပါသော်လည်း အိပ်မပျော်ခဲ့တဲ့ညတွေသာရှိခဲ့သည် ။
ရှင်သန်ခြင်းနဲ့သေခြင်းတရားကြားထဲမှာ ကလေးဆိုတဲ့ အသိသာကိုကို့မှာရှိတယ်။
အချိန်တွေကကုန်တာမြန်လိုက်တာကလေးရယ်။ဖြစ်နိုင်ရင်ကိုကိုဒီအချိန်လေးမှာပဲရပ်တန့်ထားချင်မိတယ်။
ဂုဏ်သိပ်ကိုကြောက်ပါတဲ့ဆိုတဲ့ညလေးဟာလည်းပြီးဆုံးသွားခဲ့ပြီ။
အရိပ်လက်ခုံလေးအားအသာအယာဆွဲယူလိုက်ပြီးဂုဏ် နမ်းရှိုက်လိုက်သည်။
အိပ်ပျော်နေတာကအစချစ်စရာကောင်းလွန်းနေတဲ့ကိုကို့ကလေးငယ်
ရဲ့ပုံရိပ်လေးကို ကိုကိုတော့နှမြောနေတော့မှာပဲ။ဘယ်လိုလုပ်ရမလဲကွာ။
ကိုကို ကလေးကို ကိုကို့အနားမှာပဲတစ်သက်လုံးထားချင်မိတယ်။
ဒါပေမဲ့ ကလေးမပျော်တာမြင်တော့ ကိုကိုရင်တွေ တစ်စစီကွဲရတယ်ကွာ။
ပျော်နေတာလေးပဲ မြင်ချင်တယ်ကလေးရယ်။နွေ့ဆီပြန်ရောက်ရင် ကလေးပျော်လာမှာပါ။ကလေးရဲ့ပျော်ရွှင်မှုက ကိုကိုရဲ့ပျော်ရွှင်မှုမို့ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်ကလေးပျော်ရင်ကိုကိုကျေနပ်တယ်။
YOU ARE READING
I am your shadow💙(Season (1) Complete)💙