အပိုင်း(26)☘️☘️☘️(U+Z)

16.4K 823 88
                                    

I am your shadow (ငါဟာမင်းရဲ့အရိပ်)

Unicode.....

အပိုင်း (26).....

ဂုဏ်တစ်ယောက်လှေကားလက်ရန်းလေးကိုတဖြည်းဖြည်းထိတွေ့ရင်း လှေကားထစ်အဆင့်တိုင်းတစ်ထစ်ချင်းဆင်းလာသည်။

အောက်ထပ်သို့ရောက်တာနဲ့နှင့်စံအိမ်ကြီးကို ခေတ္တမျှကြည့်လိုက်မိတော့အိမ်
စေများကအလုပ်ကိုယ်စီဖြင့်လှုပ်ရှားသွားလာနေကြသည်။ဖွားဖွားကတော့
ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ပြီးစာဖတ်နေသည်။

ဒီနေ့ကြမှဒီစံအိမ်ကြီးကအသက်ဝင်လာသလိုလို။အခန်းထဲမှာသာအောင်းနေခဲ့တဲ့ဂုဏ်ကအပြင်လောကနဲ့ပထမဆုံးပြန်ထိလည်တွေ့မိခြင်း။

"သခင်လေးဂုဏ် "

အသံကြားရာဘက်ဂုဏ်လှည့်ကြည့်လိုက်မိတော့ ကော်ဖီဗန်းကိုင်ထားတဲ့ဆူး......

"အောက်ဆင်းလာတာလား။
ဘာစားမလဲ။
ဆူးဘာလုပ်ပေးရမလား"

"ဒါကဆူးရဲ့ နှစ်သိမ့်တဲ့နည်းလား"

"အဲ့လိုမဟုတ်ရပါဘူး ဂုဏ်လေးရယ်"

"လူယုံသတ်လို့သေရရင်လည်းဂုဏ်တစ်ခါပဲ သေပါရစေ "

"ဂုဏ်လေးရယ် အဲ့ကိစ္စကိုအခုထိစိတ်ထဲထားနေတုန်းလား ဆူးတောင်းပန်ပါတယ်ကွယ်"

"စိတ်ထဲထားနေတုန်းလားတဲ့...

ဟက်...

မထားပါဘူး.....

နှလုံးသားထဲမှာကိုနာနေတာ "

"ဂုဏ်လေးရယ်"

"တော်ပြီဆူး ဂုဏ်ဒီနေ့ပျော်နေတယ် ဆူးကြောင့်အပျော်တွေမပျက်ချင်ဘူး"

"ကောင်းပါပြီဂုဏ်လေးရယ်။ဒါပေမဲ့ဂုဏ်​လေးတစ်ခုတော့သိထားပေးပါ။ဆူးရဲ့သားဖြစ်တဲ့စက်ကိုတောင်ဂုဏ်လောက်သံယောဇဥ် မတွယ်မိဘူးဆိုတာ"

"ဟုတ်ကဲ့ ဂုဏ်လည်းဆူးရဲ့ ယုံတမ်းစကားအသစ်တွေကိုမရိုးနိုင်အောင်ကြားခွင့်ရလို့ဝမ်းသာပါတယ်"

ဆူးအပေါ်မယုံကြည်တော့တဲ့ဂုဏ့်ကြောင့်ဆူးစိတ်မကောင်းတော့ဖြစ်မိသည်။

(ဆူးရဲ့စေတနာတွေကိုတစ်နေ့မြင်လာမှာပါဂုဏ်လေးရယ်။အခုတော့ ဂုဏ်လေးပျော်ရင်ပဲဆူးဝမ်းသာနေပါပြီ။)

I am your shadow💙(Season (1) Complete)💙Where stories live. Discover now