အပိုင်း(33)☘️☘️☘️(U+Z)

18.1K 750 64
                                    

I am your shadow(ငါဟာမင်းရဲ့အရိပ်)

အပိုင်း (33)......

Unicode....

ခင်မမဆီက ထွက်လာပြီးကတည်းက ဂုဏ်လည်း မြို့ပြင်ဆီကိုမောင်းထွက်လာခဲ့သည်။တိတ်ဆိတ်ကာလူသူကင်းမဲ့တဲ့တစ်နေရာရောက်တော့ကားကိုရပ်လိုက်သည်။

အိတ်ထဲမှာအမြဲရှိတတ်တဲ့စီးကရက်တစ်ဗူးထုတ်ကာ စီးကရက်တစ်လိပ်မီးညှိလိုက်သည်။ထိုစီးကရက်အားတစ်ချက်ရှုရှိုက်လိုက်ရင်းကားခုံကိုမှီလျက် မျက်လုံးများကိုမှိတ်ထားသည်။

အခုထိစိတ်ဆိုးမပြေသေးတဲ့ကိုကိုကမျက်နှာကြီးတင်းကာ နေလေရဲ့။

အရိပ်တစ်ယောက်ဘာလုပ်ရဘာကိုင်မှန်းမသိဖြစ်နေမိသည်။မျက်လုံးများမှိတ်ထားတဲ့ဂုဏ့်ကိုသာကြည့်နေမိသည်။3နှစ်အကြာမှ ဂုဏ့်ကိုစေ့စေ့ကြည့်မိခြင်း။

မတွေ့တာကြာလို့လားမသိကိုကိုက
အရင်ကထက်ပို၍ပင်ကြည့်ကောင်းလာသည်။ထူပိန်းနေတဲ့မျက်ခုံးထူထူကြီးများနဲ့ကိုကိုကသိပ်ဆွဲဆောင်လွန်းနေသည်။

ဆေးလိပ်သောက်များတာကြောင့်နှုတ်ခမ်းတစ်စုံဟာအညိုရောင်သန်းနေပါသော်လည်း ကိုကိုရဲ့နှုတ်ခမ်းတွေကိုစေ့စေ့ကြည့်မိတိုင်းရင်ခုန်မိသည်။

အရင်ကအတိုထား တတ်သောဆံပင်များက ပခုံးစွန်းစွန်းထိပင်ရှည်နေသည်။ယောကျာ်းဆန်ဆန် ကိုယ်သင်းရနံ့ပြင်းပြင်းက စွဲမက်စရာအတိ။

အားကစားမလုပ်တာတောင် တောင့်တင်းနေတဲ့ခန္ဓာကိုယ်နဲ့ရင်အုပ်အုပ်ကျယ်ကျယ်ကြီးများက
သဘာဝကပေးတဲ့ဆုလာဘ်တစ်ခုအလား။

"မင်းယောကျာ်းဖြစ်လာမဲ့သူကို အဲ့လောက်တောင်ကြည့်ရလား"

"မဟုတ်......မဟုတ်ပါဘူးကိုကို"

အရိပ်မှာဂုဏ့်ကိုခိုးကြည့်နေရာမှမိသွားတာကြောင့်အသံပင်မထွက်ရဲ။ဖြေတာတောင်အထေ့ထေ့အငေါ့ငေါ့ဖြင့်သာ။ အရိပ် မရဲတရဲလေးဂုဏ့်ကိုမော့ ကြည့်လိုက်တော့ မျက်လုံးများကဖွင့်ခြင်းမရှိ။

အရိပ်အသံတိတ်ကာမျက်လုံးများကိုမှိတ်လိုက်သည်။

ကားမှန်ပိတ်ထားတာကြောင့် ဂုဏ့်ဆီကဆေးလိပ်ငွေ့များက ကားတစ်ကားလုံးနှင့်အရိပ်ဆီပျံ့လွှင့်လာသည်။ဆေးလိပ်နံ့မခံနိုင်တဲ့အရိပ်မှာဆေးလိပ်ငွေ့များကြောင့်အသက်ရှူကြပ်နေမိသည်။

I am your shadow💙(Season (1) Complete)💙Where stories live. Discover now