I am your shadow (ငါဟာမင်းရဲ့အရိပ်)
အပိုင်း (27)....
Unicode.....
"ချွမ်...ချွမ်"
ခေါင်းလောင်းသံများကနားထဲပဲ့တင်ထပ်စွာရိုက်ခတ်နေတယ်။ခန္ဓာကိုယ်ကြီးကရုံးကန်လှုပ်ရှားပေမဲ့
တစ်ခုခုနဲ့ချည်နှောင်သလိုလိုခံစားနေရတယ်။မျက်လုံးအစုံဟာလည်းဖွင့်လို့မရခဲ့။"ဟား "
အရိပ် အိမ်မက်ဆိုးများထဲကနိုးထလာခဲ့သည်။
မျက်လုံးဖွင့်လိုက်တော့ အရိပ်နဲ့စိမ်းသက်သက်ဖြစ်နေတဲ့ခဲရောင်မျက်နှာကြပ်။အရိပ်ရောက်နေတာက
နှင်ဆီပန်းထိုးများပါတဲ့ခဲရောင်မို့ရာ အောက်က ကုတင်တစ်ခုပေါ်မှာ။"ချွမ်....ချွမ်"
အဆက်မပြတ်မြည်နေတဲ့ခေါင်းလောင်းသံများကြောင့်
အရိပ်မျက်လုံးကိုဝေ့ကြည့်မိ
တော့ အခန်းထဲမှာအစီအရီချိတ်ဆွဲထားတဲ့ ခေါင်းလောင်းများက လှုပ်ခတ်နေသည်။ဖွင့်ထားတဲ့ ပြတင်းပေါက်ကခဲရောင်နှင်းဆီလိုက်ကာစများမှတစ်ဆင့် တစ်စတစ်စတိုက်ခတ်လာသော လေများကြောင့် ခေါင်းလောင်းများကလည်း အဆက်မပြတ်တုန်ခါနေသည်။
တိတ်ဆိတ်ပြီးအမှောင်ကြနေတဲ့ထိုအခန်းလေးထဲသို့ ခေါင်းလောင်းသံများက ပြန့်လွှင့်နေသည်။..
"ငါ ဒီနေရာကိုဘယ်လိုရောက်နေတာလဲ"
လက်မှတင်းကြပ်စွာချုပ်နှောင်ခံထားရတဲ့ခံစားချက်ကြောင့် လက်မြှောက်
ကြည့်လိုက်မိတော့ လက်နှစ်ဖက်က
လက်ထိပ်ခတ်ခံထားရသည်။အရိပ်ခက်ထားတဲ့လက်ထိပ်မှအတင်းရုံးမိတော့ ပို၍ပင်တင်းကြပ်လာကာ လက်ကောက်ဝတ်များပင်အရာ ထင်လာပြီဖြစ်သည်။ကြောက်ရွံ့မှုတို့နှင့်အတူအိပ်ယာထဲမှကုန်းထလိုက်ပြီး ဒီအခန်းထဲမှထွက်သွားရန် ကြမ်းပြင်ပေါ်ခြေထောက်ချလိုက်သည်။
ထပြေးမည်လုပ်တော့ အရိပ်ခြေချင်းဝတ်ကို ကုတင်တိုင်နဲ့တွဲလျက်ချည်ထားခြင်းကြောင့်ကြမ်းပြင်ပေါ်သို့သာမှောက်လျက်ကျသွားသည်။
"ဟင့် ကယ်ကြပါ"
တိတ်ဆိတ်နေတဲ့အခန်းထဲ၌အရိပ်အော်ဟစ်အကူအညီတောင်းသံများကဟိန်းခနဲ။
YOU ARE READING
I am your shadow💙(Season (1) Complete)💙