I am your shadow(ငါဟာမင်းရဲ့အရိပ်)
အပိုင်း(38)....
Unicode.....
ဘဝရဲ့နေဝင်ချိန်ရောက်ခဲ့မယ်ဆိုရင်တောင်တစ်စုံတစ်ယောက်ရဲ့လက်ထဲမှာပဲကုန်ဆုံးချင်တဲ့အထိတစ်စုံတစ်ယောက်အပေါ် နှလုံးသားတစ်ခုလုံးနဲ့နစ်ဝင်သွားခဲ့ပြီ။
အချစ်ဆိုတာ ချစ်ရသူအနားမှာရှိနေရုံနဲ့ကျန်တာ တစ်ခုမှမလိုအပ်လောက်တဲ့အထိပြီးပြည့်စုံခြင်းမျိုးပါပဲ။
ဘဝဆိုတာတိုက်ပွဲတစ်ခုဆိုရင်တောင် တစ်စုံတစ်ယောက်ရဲ့လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ပြီးအဆုံးထိ တိုက်ပွဲဝင်မိမယ်မယ်ထင်တယ်။
အဓိပ္ပါယ်ဖော်ဆောင်ရခက်တဲ့အပြုံးလေးတစ်ခုကနေ "ကိုကို"ဆိုတဲ့ထိုအမျိုးသားလေးကို ရှာဖွေဖို့ကြိုးစားခဲ့မိရင်း ထိုအပြုံးလေးကနှလုံးသားတစ်ခုလုံးလွှမ်းမိုးသွားတဲ့အခါ ထိုအမျိုးသားလေးကိုနှစ်နှစ်ကာကာချစ်မိသွားပါသတဲ့။
ဘာဆိုဘာမှ မမျှော်လင့်ဖူးခဲ့ပေမဲ့ပထမဆုံးသိပ်သဘောကျခဲ့ရပါသော ထိုအမျိုးသားရဲ့အပြုံးလေးကိုတော့ ပြန်မြင်ရဖို့မျှော်လင့်ခဲ့ဖူးတယ်။
ကိုကို!ကိုကိုက အရိပ်အတွက်အဓိပ္ပါယ်ဖော်ဆောင်ရခက်တဲ့ပုစ္ဆာတစ်ပုဒ်။
ရှာဖွေဖို့ကြိုးစားလေလေအဖြေရှာမရလေလေပဲ။......
အချစ်ဆိုတာကိုကိုနဲ့မှသိခွင့်ရခဲ့တာမို့ အချစ်လို့ပြောရင် ကိုကို့ ကိုပဲပြေးမြင်မိမယ်ထင်တယ်။.....
အရိပ်ရဲ့ပေါင်ပေါ်မှာဂုဏ်ကခေါင်းတင်ကာဆိုဖာပေါ်မှာအိပ်နေသည်။မျက်လုံးများကိုမှိတ်ထားပေမဲ့အိပ်ပျော်နေတာမျိုးမဟုတ်ပဲအရိပ်ဖတ်ပြနေတဲ့ ဆရာမဖရော်ဆန်စာအုပ်မှစာသားလေးတွေကို နားထောင်နေသည်။LGBT အတွက်ဆိုပြီးစိတ်ဝိညာဥ်တစ်ခုလုံးထည့်ကာရေးသားထားတဲ့ဆရာမဖရော်ဆန်ရဲ့ ရင်ထဲအထိရောက်စေတဲ့အရေးအသား တစ်ချို့ရယ်၊နှလုံးသားတစ်ခုလုံးအထိ စိမ့်ဝင်သွားစေတဲ့ ချစ်ရတဲ့ ကောင်လေးရဲသာယာတဲ့အသံလေးက ဂုဏ့်အတွက် တစ်စိမ့်စိမ့်ပါပဲ။
".........................................."
လူလတ်ပိုင်းအရွယ်ကတည်းကအလုပ်နဲ့သာ လုံးပန်းနေရတာနဲ့ စာအုပ်ဆိုပြီးရေရေရာရာဖတ်ဖို့အချိန်ဟာမလောက်ငှခဲ့ပေမဲ့ ချစ်ရသူကဖတ်ပြတော့ အချိန်လေးပေးပြီးနားထောင်ဖြစ်တယ်။တစ်သက်လုံးလုပ်နေရမဲ့အလုပ်တွေကိုခနဖယ်ကာ သူ့ကိုတော့အချိန်လေးတွေရရင်ရသလိုပေးမိတယ်။ကိုယ်နဲ့ရှိနေစဥ် အသက်(8)နှစ်ကအစ အသက်(24)နှစ်အထိ (16)နှစ်ကာလပတ်လုံး သူ့ကိုပျော်အောင်မထားနိုင်ခဲ့သမျှ၊ဂရုမစိုက်နိုင်ခဲ့သမျှကိုတတ်နိုင်သလောက်လေး ပြန်လည်ဖြည့်ဆည်းပေးဖြစ်တယ်။သူလေးအနားမှာရှိပြီးပြုံးနေရုံဖြင့် အလုပ်တွေလုပ်
ပြီးပင်ပန်းလာရင်တောင်အားအင်တွေပြန်လည်ရှိနေတာမျိုး၊ထမင်းမစားရသေးဘူးဆိုရင်တောင်အလိုလိုပြည့်နေတာမျိုးအထိ အစွမ်းထက်လှတယ်။ဒါဟာအချစ်ရဲ့စွမ်းအားတွေပဲ ဖြစ်မယ်ထင်တယ်။
YOU ARE READING
I am your shadow💙(Season (1) Complete)💙