အပိုင်း(16)☘️☘️☘️(U+Z)

19.8K 989 203
                                    

I am your shadow(ငါ့ဟာမင်းရဲ့အရိပ်)

အပိုင်း (16)...

Unicode.....

"ဂုဏ်"

"အင်း"

ဆိုဖာပေါ်မှာထိုင်နေရင်း လှေကားပေါ်မှဆင်းလာတဲ့ဂုဏ်ကိုမြင်တာနဲ့ထရပ်ကာ လှမ်းခေါ်လိုက်သည်။

"ခနလာထိုင်"

".........."

ဂုဏ်ကတော့ဘာတုန့်ပြန့်ခြင်းမှမရှိဘဲ
ဧည့်ခန်းထဲတွင်သာဝင်ထိုင်လိုက်သည်။

"ကဲ ဖွားဖွားတာဝန်ကျေပြီထင်တယ်နော်"

ဒေါ်မြင့်ထည်ဝါဆိုလိုတာက
ဂုဏ်တို့ရဲ့အပေးအယူကိစ္စပဲဖြစ်မည်။

"ဒါပေမဲ့ ဂုဏ်လိုချင်သလိုမှဖြစ်မလာတာ"

စိတ်ပျက်ဟန်လေသံနဲ့ပြောလာတဲ့ဂုဏ်...

"ဆိုတော့ ဂုဏ်ဖြစ်ချင်သလိုဖြစ်လာမှကတိကိုတည်မယ်ဆိုတဲ့သဘောလား

ဟက် !ဒါလား မြင့်ထည်ဝါရဲ့မြေး ဂုဏ်ရှိန်ခန့်ထည်ဝါဆိုတာ"

ခနဲ့သလိုလေသံနဲ့ပြောလာတဲ့ဖွားဖွားရဲ့စကားကို အေးဆေးတည်ငြိမ်စွာ ဖြေလိုက်သည်...

"ဟင့်အင်း ဂုဏ်က ကတိတည်မှာပါ...

ဒါပေမဲ့ ဂုဏ်က ဖွားဖွားမြေးဆိုတိုင်း ဖွားဖွားနဲ့တစ်ပုံစံထဲမတူနိုင်ဘူးလေ...

ဥပမာ ဂုဏ်ကပိုယုတ်မာတာမျိုးပေါ့"

ဒေါ်မြင့်ထည်ဝါရဲ့စကားကိုဂုဏ်က
ခနဲ့ ကာပြန်ချေပလိုက်သည်။

ဒေါ်မြင့်ထည်ဝါကတော့
လှောင်ပြုံးလေးသာပြုံးလိုက်သည်...

ဂုဏ်သိလား တစ်ခါတစ်လေ ဂုဏ်ထင်တာထက် ဖွားဖွားက ပိုကောက်ကျစ်နေတတ်တယ်....

"ကောင်းပြီ ဒါဆို ဂုဏ်က သရီဖီငယ်နဲ့ စေ့စပ်ဖို့လက်ခံလိုက်ပြီပေါ့"

"အင်း"

ဂုဏ် ဂုဏ် ဂုဏ်။ မင်းလုပ်နေတဲ့အရာတွေကိုဖွားဖွားမသိဘူးလို့ထင်နေတာလား။ ရုတ်တရက်နွေကို နိုင်ငံခြားသွားဖို့ အတင်းလွှတ်နေတာက အကြောင်းပြချက်မရှိဘူး ဆိုတာဟုတ်ရဲ့လား ။

နွေက အရိပ်ကိုသဘောကြနေတာ။အရိပ်နဲ့ ပတ်သက်နေတဲ့ နွေ့ကိုနိုင်ငံခြားပို့ဖို့ planက တိုက်ဆိုင်မှု
တစ်ခုတော့မဟုတ်ဘူးမလား။

I am your shadow💙(Season (1) Complete)💙Where stories live. Discover now