I am your shadow (ငါဟာမင်းရဲ့အရိပ်)
အပိုင်း (11)
Unicode......
နွေပြောတဲ့စကားလေးတွေကိုနားထောင်ရင်း
တစ်ခါမှ စိတ်လွတ်ကိုယ်လွတ်ပြုံးရီခဲ့ခြင်းမရှိတဲ့အရိပ်တစ်ယောက်
အချိန်အကြာကြီးရီနေမိသည်။ဆိုင်ထဲက
ဝန်ထမ်းတစ်ချို့ကတော့ နွေရဲ့အပြုံးတွေကိုနေတိုင်းမြင်ဖူးနေကြဆိုပေမဲ့ နွေအပြုံးလေးကခါတိုင်းထက်အလှပကြီးလှပနေသည်မို့ငေးကြည့်နေမိကြသည်။အရိပ်စကားပြောတာကောင်းနေတာနဲ့အချိန်တွေကုန်သွားတာကိုပင်သတိမထားမိ။
နာရီကိုကြည့်လိုက်မှ ထမင်းစားချိန်တောင်ရောက်နေပြီမို့
အိမ်ပြန်ရတော့။
စကားလက်စဖြတ်ကာ နွေကိုနှုတ်ဆက်ရတော့မည်........"စကားပြောလည်း ကောင်းတယ်နွေ အချိန်လည်းလင့်နေပြီမို့ အရိပ်ပြန်ရတော့မယ်"
"ပြန်တော့မှာလား....."
ဝမ်းနည်းသလိုလိုပြောလာတဲ့နွေအသံကအရင်လိုကြည်လင်မနေတော့။
"ဟုတ် အရိပ်ပြန်တော့မယ်"
" ညနေဖုန်းဆက်လို့ရမလားဟမ်"
အရိပ်ဖြေရမှာတွေဝေနေမိသည်။ အရိပ်ဖုန်းထဲက contacts မီာဆိုလို့ ကိုကိုနှင့်ဖေကြီးသာရှိသည်။
အခြားဘယ်သူနဲ့မှစကားမပြောပေ။အပေါင်းအသင်းလည်းမရှိတာမို့ ဆက်ရမည့်သူလည်းမရှိ။
သို့ပေမဲ့ နွေက အရိပ်ရဲ့ပထမဆုံး သူငယ်ချင်းမို့ လက်ခံလိုက်မိသည်။...
"ဟုတ် ရတယ်"
" အရိပ်"
"ဟင်"
"ဂရုစိုက်ပြန်ပါနော် အချိန်ရရင် နွေရဲ့ဆိုင်လေးကိုလာခဲ့ပါအုံး"
"အင်းလာခဲ့ပါ့မယ်"
အရိပ်နှုတ်ဆက်ကာ အိမ်သို့လမ်းလျှောက်ပြန်လာခဲ့လိုက်သည်။
အိမ်ရှေ့ရောက်တော့ဂုဏ်ကားလေးကရပ်ထားသည်မို့ ဂုဏ်ပြန်ရောက်နေပြီဆိုတာအရိပ်သိလိုက်ပါသည်။
ပြုံးယောင်သန်းနေတဲ့အရိပ်မျက်နှာလေးကလဝန်းလေးပမာ။
ဂုဏ် ကိုတွေ့ရတော့မည်ဟုတွေးတိုင်း အလိုက်မသိခုန်လာတဲ့နှလုံးသားလေးက သိပ်အကဲပိုလှသည်။
YOU ARE READING
I am your shadow💙(Season (1) Complete)💙