I am your shadow (ငါ့ဟာမင်းရဲ့အရိပ်)
အပိုင်း (25)
Unicode........
နွေ့ရဲ့ခေါင်းမှသွေးများစွာက
စီးကျနေသည်။ခေါင်းတစ်ခုလုံးက
တစ်ဆစ်ဆစ်နာနေပြီး
နှလုံးသားတစ်ခုလုံးကလည်းတစ်စတစ်စနာကျဥ်လာခဲ့သည်။မေ့ထားခဲ့တာအတော်ကြာပြီဖြစ်တဲ့ပုံရိပ်တစ်ချို့နဲ့ဒဏ်ရာဟောင်းတစ်ချို့ကလည်း နွေအသိဥာဏ်ထဲ ပြန်လည်ဝင်ရောက်ကာ လွှမ်းမိုးလာတယ်။
..........
နွေမှာ ငယ်ငယ်တည်းက မိသားစု
အပြည့်အဝနှင့်မနေခဲ့ရပေ။နွေ့မေမေ
နဲ့ ဖေဖေကွာရှင်းခဲ့ပြီကတည်းက
နွေ့အနားမှာမိသားစုဆိုလို့
ဘယ်သူမှရှိမနေခဲ့တော့။မိတစ်ကွဲ၊ဖတစ်ကွဲနေရသည်
သာမက နွေကိုယ်တိုင်ကလည်းတစ်ယောက်တည်းသာ
ကြီးပြင်းလာခဲ့ရသည်။နွေလူမှန်းသိတတ်စအရွယ်ကတည်းက မိခင်မေတ္တာဟူ၍လည်းအပြည့်အဝမရရှိခဲ့။ဖခင်ကြပြန်တော့လည်း နိုင်ငံခြားမှာသာအခြေချနေသည်
မို့ ဖုန်းလေးသာ ပြောခွင့်ရသည်။အိမ်ဖော်တွေ နဲ့သာကြီးပြင်းခဲ့ရပြီး ချစ်ခြင်းတရားတွေရယ်လို့မရှိခဲ့။
အထီးကျန်မှုဆိုတာနွေ့အတွက်
တော့ထူးဆန်းတဲ့အရာတစ်ခုတော့မဟုတ်ခဲ့။ငယ်ငယ်တည်းကဒါဟာ
နွေ့ဖေဖေပါဒါဟာနွေ့မေမေရယ်ပါလို့ လက်ဆုပ်လက်ကိုင်ပြစရာမရှိ။တစ်ခါတစ်လေ အမှောင်မိုက်ဆုံးညတွေမှာအရမ်းကြောက်ပေမဲ့ခိုလှုံစရာရင်ခွင်ဟာလည်းရှိမနေခဲ့။အေးခဲပြီး အရမ်းချမ်းတဲ့ညတွေမှာလည်းပြေးဝင်စရာရင်ခွင်တစ်စုံဟာလည်းရှိမနေခဲ့။
မိုးတွေကသည်းထန်စွာရွာသွန်းလို့လျှပ်စီးကြောင်းတွေကလည်း ပြတင်းပေါက်အပြင်ကနေတိုးဝင်လာတော့မည့်အတိုင်း တစ်ဖျပ်ဖျပ်နဲ့လက်နေသည်။
တစ်ဂျိန်းဂျိန်းနဲ့မိုးကြိုးများက အဆက်မပြတ်ချိန်းနေသည်။
လရဲ့အလင်းရောင်သာရှိတဲ့အခန်း
ကျဥ်းလေးထဲက
ကောင်လေးတစ်ယောက်က
သဲသဲမဲမဲကိုရွာနေတဲ့မိုးကို
ကြောက်လို့ နားနှစ်ဖက်ကိုပိတ်ကာ စောင်ပုံထဲအတင်းတိုးဝင်နေမိသည်....
![](https://img.wattpad.com/cover/283270144-288-k859630.jpg)
YOU ARE READING
I am your shadow💙(Season (1) Complete)💙