Part 2🥀🍫

412 47 7
                                    


16 years later...

"သားရယ် မေ့မေ့ကိုပြုစုရတာသားလည်းပင်ပန်းနေပါပြီ။ မေမေသေသွားတာမှ ကောင်းဉီးမယ်"

"မေမေ....."

"မေမေကလွဲရင် သားမှာ ဘယ်သူမှမရှိတော့ဘူး။သားဘယ်လောက်ပင်ပန်းပန်း သားဂရုမစိုက်ဘူး မေမေပါမရှိတော့ရင် သားသေသွားလိမ့်မယ်။နောက်တစ်ခါ အာ့လိုစကားတွေမပြောပါနဲ့လား"

"သားကျောင်းပြီးထဲက ဖေဖေ့အကြွေးတွေဆပ်နေရလို့ နေ့မအားညမအားနဲ့ အလုပ်လုပ်နေရချိန်မေမေ့ကျန်းမာရေးအတွက်ပါ သားပူနေရတာမေမေမကြည့်ရက်တော့လို့ပါသားရယ်"

"သားကျောင်းတတ်နိုင်ဖို့ မေမေသူများအိမ်တွေမှာသွားပြီး အလုပ်လုပ်နေခဲ့တာတွေကို သားမသိဘူးများ ထင်နေလားမေမေရာ"

"မေမေအခု ထမင်းစားတော့မယ်မလား သားကျွေးမယ်နော်"

ကျွန့်တော့်ဘ၀ကရိုးရှင်းပြီး ပျော်ဖို့ကောင်းခဲ့ပါတယ်။ အခုလည်းမပျော်တာတော့ မဟုတ်ပေမယ့် မေမေရှိတယ်ဆိုတဲ့ စိတ်ကလေးနဲ့ အားတင်းပြီး နေနေရတာပါ။ ကျွန်တော့်အမေရင်း ၁ယောက်လိုကို ချစ်ခဲ့တာပါ။
၇နှစ်သားကနေ နေလာခဲ့တဲ့သံယောဇဉ်တွေဟာနည်းမှမနည်းပဲ။ဖေဖေ့ရဲ့အကြွေးတွေကိုလည်းကျွန်တော်အလုပ်လုပ်ပြီး ရအောင်ပြန်ဆပ်မှာပါ.......



"Hello,သားဖေဖေ ကိုယ်တိုင်လာမကြိုနိုင်လို့ဖေဖေ့လူယုံတွေကို လွှတ်လိုက်တယ်နော်သားဝမ်းနည်းနေမှာဆိုးလို့"

"ကျွန်တော်ကဘာလို့ဝမ်းနည်းရမှာလဲ Daddyရယ် အပိုတွေနောက်ဆို daddyမမြင်ချင်ရင်တောင် သားတို့ကတစ်အိမ်ထဲနေတော့မြင်နေရမှာပဲ မဟုတ်ဘူးလားဟမ်?"

"ဟားဟား...ဟုတ်ပါပြီသားရယ်see u later,my son.."

"သခင်လေးKoreaကိုပြန်ရောက်ရင် သခင်လေးအမေ....."

သူဆက် မပြောရဲခဲ့ပါသခင်လေးရဲ့အကြည့်တစ်ချက်ကသူပြာကျသွားနိုင်သည်။

"အိမ်တော်ထိန်းကြီး အမေ့အကြောင်းဘယ်သောအခါမှ ကျွန်တော့်ရှေ့မပြောမိပါစေနဲ့"

"ဟုတ် ဟုတ်ကဲ့ပါသခင်လေးရယ်"

16နှစ်...16နှစ် ရှိသွားခဲ့ပြီ။သူသည်းခံပြီးကြိတ်မှိတ်နေလာခဲ့ရတာ အရင်လို အမေ့ဆီမပို့ရင် ဓားနဲ့သူ့လည်ပင်ကိုထိုးမယ်ဆိုတဲ့ ကောင်လေးမဟုတ်တော့ဘူး။ပြောင်းလဲသွားတဲ့အခြေအနေတွေဟာ သိပ်ကြောက်စရာ။ သန်မာတဲ့ OhSehunဖြစ်လာဖို့အတွက် သူအမျိုးစုံကြိုးစားပြီးနေလာခဲ့ရတဲ့ အကြောင်းအရင်းကတစ်ခုထဲ "မေမေဖက်ထားခဲ့တဲ့ကောင်လေး မေမေရဲ့ နွေးထွေးမှုတွေကြား ရှင်သန်နေခဲ့ရတဲ့ကောင်လေးကို သူမနာလိုလို့ သူ့ဘ၀တစ်လျှောက်လုံးကို ဒဏ်ရာတွေပေးဖို့ သူပြန်လာခဲ့တာ""

"Beyond The Hatred"Where stories live. Discover now