"ကျစ်...ရေ..ရေဆာတယ်""မောင်..ရေလို့..ရေပေး"
"ကိုယ်ကိုနည်းနည်းလောက် မတ်ဦးလေကွာ ပက်လပ်ကြီး အိပ်နေတာ ရေက ဘယ်လိုတိုက်ရမှာလဲ"
မျက်လုံးမဖွင့်သေးဘဲ သူပြောသလို ကိုယ်ကိုနည်းနည်းမတ်ကာ ထလာပြီး ရေကိုအငမ်းမရ သောက်လေသည်။
လည်ချောင်းထဲ ရေလေး ချောချောချူချူ
ဆင်းသွားကာမှ KimJonginnတစ်ယောက်လောကကြီးနှင့် အဆက်အသွယ် ရသွားသည့်နှယ်။ခေါင်းလေးတစ်ချက် လှည့်ကြည့်ပြီးမှ အသိစိတ်အနည်းငယ် ၀င်လာကာ သူ့ရှေ့ကလူကိုမျက်လုံးပြူးပြူးကြီးနှင့် ကြည့်နေလေသည်။
"မင်းက ဘယ်လိုလုပ် ငါ့အခန်းထဲ ရောက်နေတာတုန်း"
"အဟွန်း...ပတ်ဝန်းကျင်ကို နည်းနည်းပါးပါးလည်း စူးစမ်းကြည့်ပါဦးလား"
ဘေးဘယ်ညာ ကြည့်လိုက်ကာမှ ဒါသူ့အခန်းမဟုတ်ဘူးဆိုတာ သိရသည်။ဒါဆိုသူက အခုဘယ်ရောက်နေတာတုန်း?မနေ့က သူသောက်နေတုန်း မောင်နဲ့စေ့စပ်ထားတဲ့ကောင်မလေးကိုပါးရိုက်လိုက်တဲ့ ကိစ္စနှင့်မောင်ရောက်လာသည်။ပြီးတော့ပြီးတော့ သူထိုင်ချပြီး ငိုလိုက်တာမလား?
ထို့နောက်တရိပ်ရိပ်နဲ့ပေါ်လာတဲ့ မနေ့ညကဖြစ်ရပ်တွေ။wtf:သူရူးများသွားတာလား?တစ်ယောက်လောက် သူ့ကိုကယ်တင်ပေးကြပါဦး။
"ဟို...ဟိုငါတောင်းပန်တယ် သွားတော့မယ်"
"ဂျိန်း"
သူအပြင်ရောက်ခါနီး မောင်က တံခါးပေါက်ကိုလှမ်းပိတ်လိုက်တာကြောင့် လူကတုန့်ခနဲရပ်သွားရသည်။ထို့နောက်သူ့ကို ထွေးပွေ့လာသောလက်တစ်စုံကြောင့် သူ့မှာကြောင်အလျက်သား။အချိန်အနည်းငယ််ကြာသည်အထိ ဘာစကားမှမပြောလာသော်လည်း သူ့ပုခုံးပေါ်မှာ စိုစွတ်မှုကိုခံစားလိုက်ရသည်။ဘာလဲ မောင်ငိုနေတာလား?
"ဘာ..ဘာဖြစ်..."
"မောင် တောင်းပန်ပါတယ်"
"ဟမ်"
"မောင် အကုန်သိပြီးပါပြီ"
"ဘာ"
"မောင့်Daddyက...hyungအဖေကို..."
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"