ရင်ခွင်ထဲက လူသားက အိပ်ပျော်သွားပေမယ့်သူကတော့ အိပ်မပျော်နိုင်။hyungနဲ့ ပြောခဲ့သောစကားတွေကို ပြန်စဥ်းစားနေမိသည်.....မနေ့ညက Ohsehunထွက်သွားပြီးနောက် သူလည်း hyungကိုတွေ့ဖို့ အိမ်အပြင်ကိုထွက်သွားခဲ့သည်။
"hyung"
"jonginn"
Hyungကိုပြေးဖက် မိလိုက်သည်။နောက်ဆုံးတော့ hyungကိုတွေ့ခွင့်ရခဲ့ပြီ။ပျော်လားဆိုပျော်တာပေါ့။ဒါပေမယ့် သူနဲ့hyungကနောက်ထပ်တွေ့သင့်တဲ့ ရေစက်တွေမဟုတ်။Ohsehunက အပိုတွေမပြောတတ်။hyungသူ့ကြောင့် နာကျင်မှာကိုလည်း သေမတတ်ကြောက်ပါသည်။ပြီးတော့သူကိုယ်တိုင်ရုန်းထွက်နေရင်း ထိုလူဆိုးရဲ့အထိအတွေ့တွေမှာ သာယာနေမိတာကိုလည်း တကယ်ရှက်
မိပါသည်။hyungလိုလူက သူနဲ့လုံး၀မထိုက်တန်။မေမေပြီးရင် hyungလောက်သူ့ကိုနွေးထွေးမှုပေးနိုင်တဲ့သူမရှိ။ထိုကဲသို့ လူမျိုးကိုမှ သစ္စာဖောက် မိတဲ့သူကသူပဲ။တောင်းပန်ပါတယ်ကျွန်တော်က တကယ်ကိုဆိုးတာဘဲ။"ငိုနေတာလား ကိုယ့်ရဲ့jonginnလေးက....ဒီhyungမှာရှာလိုက်ရတာကွာ.."
"ကိုယ့်ကို မျက်နှာလေးပြပါဦး my gomလေးရဲ့"
"hyung..ကျွန်တော်တောင်းပန်ပါတယ်"
"ဘာတွေတောင်းပန်နေတာလဲ...နှုတ်ခမ်းမှာလည်း သွေးတွေနဲ့နာနေတော့မှာပဲ...."
"မနာပါဘူးHyungရဲ့"
"hyungဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ"
"hyungအတွက် ခက်ခဲပေမယ့်လည်း jonginn ကိုတွေ့ရဖို့ အတွက်ဆိုတော့နည်းနည်းပါးပါး အားထုတ်ရတာပေါ့"
"ကလေးနဲ့ သူကဘာရန်ငြိုးတွေရှိတာလဲ ဘာလို့ကလေးကို သူ့နားခေါ်ထားရတာလဲ"
"Hyung...Ohsehunကလေ..သူ..သူက
မေမေ့သားအရင်း""ဟမ်"
"ဘယ်လို..သူကအန်တီ့သားတဲ့လား""ဟုတ်တယ် hyung..သူကျွန်တော့်ကိုအထင်လွဲနေတာ..အဲ့အရူးကလေ ကျွန်တော်ပြောတာတွေကို နားမထောင်ဘူး တအားမုန်းဖို့ကောင်းတာပဲ..."
ကလေးက သူပြောတာတွေကို ohsehunကနားမထောင်လို့တဲ့ ကျွန်တော့်ကိုတိုင်နေတာဗျာ..ငိုနေတာကရော နာလို့ငိုနေတာလား ကျွန်တော့်ကိုတွေ့ရလို့လား Ohsehunက စကားနားမထောင်လို့လား သူကလေးအပေါ် သံသယမ၀င်ချင်ပါ..
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"