Part 7🥀🍫

274 42 27
                                    


နေရောင်ခြည် နုနုလေးက မျက်နှာပေါ်ခနေချိန်မှာ သူနိုးထလာခဲ့တယ်။
ဘာလဲ ညကသူကုတင်ပေါ်မှာ ခဏတက် မှိန်းလိုက်တာ အိပ်ပျော်သွားတာလား အိပ်ဆေးမလိုဘဲသူကလေ?
မျက်လုံးလေး ကစားလိုက်တော့ ဆိုဖာပေါ်အိပ်နေတဲ့ သူသိပ်ကိုဒုက္ခတွေပေးချင်ခဲ့တဲ့ ကောင်လေး.....
သူထလိုက်ပြီး ထိုကောင်လေးနားကိုလျှောက်သွားလိုက်သည်။

"လှတယ်"
ယောက်ျားလေးကို အဲ့လိုမသုံးနှုန်းရတာ သိပေမယ့် Kimjonginnကတော့ သူ့အတွက်ခြွင်းချက်....

'အစိတ်အပိုင်း တစ်ခုချင်းစီကိုအနီးကပ်ကြည့်ကြည့်မှ တော်တော်လေးကိုလှတာပဲ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်အပြာလေးတွေလည်း လှတယ်၊မျက်လုံးလေးတွေ ကလည်းလှတယ်၊နှာတံလေးကလည်းဖြောင့်စင်းနေပြီး လှတယ်၊အလှဆုံးကတော့သူ့အတွက် မူးယစ်ဆေးဖြစ်တဲ့အပေါ်နှုတ်ခမ်းဖူးဖူးလေးပဲ'

အချိန်ကိုက်ဝင်လာတဲ့ အိပ်မက ်ထဲက လှောင်ပြုံးတွေ ဒီနှုတ်ခမ်းတွေနဲ့ပဲ သူ့ကိုလှောင်ပြုံးတွေ ပြုံးပြနေခဲ့တာမလား....

လည်ပင်းပေါ်ကို လက်တွေနဲ့ဖိညှစ်ခံနေရတယ်ဆိုတဲ့အသိနဲ့ Kimjonginnတစ်ယောက်လန့်နိုးလာခဲ့တယ်

"Oh....ohsehun...ငါ့ကိုလွှတ်ပေးပါ ငါ...ငါအသက်ရှူတွေကြပ်နေပြီ......"
ထိုလူသားရဲ့ အသံကိုကြားကာမှ သတိ၀င်လာပြီး လက်တွေကိုလွှတ်ပေးလိုက်သည်။

"ငါ..ဘာတွေများလုပ်ရသေးလို့လဲ ငါ့ကိုသတ်မှာဆိုလည်း သတ်ပစ်လိုက်ပါတော့ ငါမင်းအပေါ် ဘာအပြစ်တွေများကျူးလွန်မိလို့လဲ"

"မင်းငါ့အိပ်မက ်တွေထဲထိပေါ်လာပြီးငါ့ကိုလှောင်ပြုံးတွေပြုံးပြနေခဲ့တာ မင်းပဲငါ့ငယ်ဘဝတွေရဲ့ပုံရိပ်မှာမေမေပွေ့ချီထားတဲ့မင်းကငါ့ကိုလှောင်ပြုံးတွေနဲ့ပြုံးပြနေတဲ့ပုံရိပ်တွေကြည့်ပဲ"

ဘုရားရေ 21ရာစုမှာဒီလိုလူမျိုးလည်းရှိသေးတာလား ငါမင်းကိုအရူးလို့ပြောတာမလွန်ဘူးထင်တယ် ohsehunမင်းကတကယ်ကိုအရူးပဲ...

"အဲ့ဒါအိပ်မက်တွေပါ..အပြင်က ငါကမင်းကိုသိတောင်မသိခဲ့တာအမှန်ပါ ငါမင်းအပေါ်မှာဘယ်တုန်းကမှ လှောင်ရယ်ချင်စိတ် မရှိခဲ့တာကျိန်ဆိုကျိန်ရဲပါတယ်ကွာ"

"Beyond The Hatred"Where stories live. Discover now