"မောင်...တော်ပါတော့" ဆိုတဲ့စကားကြားပြီးနောက် Ohsehunရဲ့ကမ္ဘာဟာ ခေတ္တမျှရပ်တန့်သွားခဲ့သည်။ ဒါပေမယ့် သူမကျေနပ်နိုင်သေး ထိုလူကို သတ်ရမှကျေနပ်မည်။ထိုလူတင်မဟုတ်ဘူး အကုန်လုံးကိုတစ်ယောက် မကျန်သတ်ပစ်ချင်နေတာ။ သူလုပ်ချင်တာတွေ လုပ်ခဲ့တဲ့ တစ်လျှောက်လုံး ဘယ်သူမှ သူ့ကိုမတားခဲ့..မတားရဲတာဆိုပိုမှန်လိမ့်မည်။သို့ပေမယ့် အခုတားနေတာ တစ်ခြားလူမဟုတ် Jonginnသူ့ရဲ့Jonginn။Jonginnဆီပြေးသွားပြီး သူမေးနေခဲ့တာမေးခွန်းတွေဟာဆက်တိုက်တွေ။
"ဘာဖြစ်သွားသေးလဲ"
"ဘယ်နားနာသွားသေးလဲ"
"ဘယ်နားကိုထိသွားကြသေးလဲ....ပြောနော်မပြောရင် မောင်အကုန်လုံးကိုသတ်ပစ်မှာ"
"Sehun naစိတ်ထိန်းပါဦး...ငါဘာမှမဖြစ်ပါဘူး ဘယ်နားမှလည်းမနာဘူး"
"ငါ့ကိုကြိုးအရင်ဖြည်ပေးပါဦး"
ထိုအချိန်မှာပဲ Kimjonginnတစ်ယောက် Sehun ရဲ့စောင့်တွန်းမှုကြောင့် အဝေးကို
လွင့်ထွက်သွားသည်။"အ"
"Ohsehun...မင်းဒါဘာလုပ်တာလဲ"
KimSeokHoတစ်ယောက် Ohsehunကိုတွန်းလိုက်ကာ Jonginnနားပြေးသွားပြီးထူပေးလိုက်သည်။
Ohsehunရဲ့ အပြုအမူတွေ အကုန်လုံးက
အံ့သြစရာကောင်းလှသည်။ ကြိုးကိုမြင်ပြီးဖြစ်သွားတဲ့ အမူအယာကတော့ လုံးဝနားမလည်နိုင်ဆုံး။ထိုအချိန်မှာပင် အိမ်တော်ထိန်းကြီးရဲ့ စကားတွေကို သတိရလာဟန်ရှိလာတဲ့ Kimjonginnက..."hyung..hyung..ကျွန်တော့်ကို ကြိုးမြန်မြန်ဖြည်ပေးပါကျေးဇူးပြုပြီး"
ကြိုးတွေဖြည်ပေးနေတဲ့ KimSeokHoတစ်ယောက်ကို မျက်လုံးနီနီရဲရဲတွေနဲ့ ကြည့်လာတဲ့Ohsehun။ ထိုမျက်ဝန်းတွေက ဘာကိုပြောနေတာလဲ မသိပေမယ့် ကျလာတဲ့မျက်ရည်တွေကိုမြင်တော့ သူ့ကိုယ်သူသာအပြစ်တင်မိတော့သည်။
သူတို့နှစ်ယောက်လုံးကို မျက်ရည်တွေနဲ့ စူးစူးရဲရဲကြည့်ရင်း ကားအနီလေးပေါ် တတ်တော့မည်အလုပ်မှာပဲ Jonginnတစ်ယောက် Sehunနောက်ကို ပြေးလိုက်သွားသည်။
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"