ဒီအိမ်ကြီးထဲမှာပဲ နေနေရတာ တအားပျင်းလာပြီ။ ဘာမှလည်း လုပ်စရာမရှိဘူး ငါနဲ့သူမျက်နှာချင်းဆိုင် စာရင်းရှင်းဖို့တော့ လိုနေပြီတစ်ယောက်ထဲ အထင်တွေလွဲပြီး လုပ်ချင်တာတွေလုပ်နေတာ။ငါ့ကိုခိုင်းစားဖို့ ဝယ်တယ်ထင်နေတာလေ ငါ့ကိုစိတ်ဒုက္ခပေးချင်လို့တဲ့လား။
Ohsehunရာ ငါကမင်းဒုက္ခမပေးခင်တည်းကဒုက္ခတွေနဲ့ ရင်ဆိုင်လာရတဲ့ကောင်ပါ........"ကျွန်တော် Ohsehunနဲ့တွေ့ချင်တယ်"
"ဆရာက တွေ့ချင်တဲ့အချိန်တွေ့လို့ရတဲ့သူမဟုတ်ပါဘူး ဒါပေမဲ့ကျွန်တော်တို့ အကြောင်းကြားပေးထားပါ့မယ်"
"ကျွန်တော်နဲ့ ပူးပေါင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် နောင်တမရစေရပါဘူး"
"တကယ်ကို Ohsehunကကြားထားရတဲ့သတင်းတွေအတိုင်းပဲ တကယ်ကိုအရည်အချင်းရှိတာပဲ ကျွန်တော်ကလည်းဒီလိုသားမျိုးလိုချင်တာဗျ အားကိုးရတယ် ကျွန်တော့်သမီးလေးကျောင်းပြီးရင် Ohsehunဆီကပညာတွေသင်ယူဖို့ပို့ထားဦးမှပါ....
"အာ..... ဟုတ်welcomeပါဗျာ"
Companyကို ၀င်၀င်ချင်းရုတ်ရုတ်သဲသဲဖြစ်နေတဲ့ အပြင်ကလူ၂ယောက်နဲ့ ကုမ္ပဏီက securityတွေ....
"အဲ့ဒါဘာဖြစ်နေကြတာလဲ?"
"ဆရာ ဟိုဟို သူတို့ကဆရာနဲ့တွေ့ချင်ကြတယ်ကြီး ပြောနေတာ ဘယ်ကလူတွေမှန်းလည်းမသိပါဘူးဆရာ"
"မင်းလားOhsehunဆိုတာ?"
လူကသေးသလောက် အရမ်းစွာမယ့်ပုံပဲ companyတစ်ခုလုံး သူ့ကိုဖိမ့်ဖိမ့်တုန်အောင်ကြောက်ရတဲ့ မျက်နှာပေမယ့် သူကတော့ Ohsehunဆိုတဲ့လူကို ဆွဲဖြဲပစ်ချင်နေတဲ့ပုံ သူ့ဘေးကအရပ်ရှည်ရှည်တည်တည်ငြိမ်ငြိမ်နဲ့လူကြည့်နေတဲ့ အကြည့်ကတစ်မျိုးပဲ....
"Baekhyunစိတ်လျှော့ hyungပြောမယ်"
"ဒီကလူက Ohsehunလားမသိဘူး
"ခင်ဗျားတို့ကဘယ်သူတွေလဲ"
"Louiseနေငါပြောမယ်...အကုန်လုံးကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြ"
"ဟုတ်ပါတယ် Ohsehunဆိုတာ ကျွန်တော်ပါပဲကျွန်တော့်ကို ဘာကြောင့်ရှာနေတာလဲ"
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"