"ငါပဲ"
သူလှမ်းကြည့်လိုက်တဲ့ အချိန်မှာတွေ့လိုက်ရတဲ့မျက်၀န်းတစ်စုံ ခြင်္သေ့တစ်ကောင်လို အားမန်အပြည့်နဲ့ သူ့စိတ်ထဲ မကောင်းတဲ့အငွေ့အသက်တွေရနေလိုက်တာလေ ဘာလို့လဲ......
"ဘယ်ကငါလဲ ခင်ဗျားကိုကျုပ်မသိဘူး"
"မင်းကိုတော့ ငါကကောင်းကောင်းသိပါတယ်"
"ကျုပ်ကိုသိတာတွေ မသိတာတွေ စိတ်မ၀င်စားဘူး ကျုပ်အမေနဲ့တွေ့ခွင့်တားရအောင်ခင်ဗျားက ဘာကောင် မလို့လဲ?""
"အတိအကျပြောပြရမှာလား"
"ငါကမင်းကို ၀ယ်ထားတဲ့ကောင်လေ ဒီမှာစာချုပ် မင်းကိုယ်တိုင်လက် မှတ်ထိုးပေးထားတာလေ"
"ဘာဗျ"
"မင်းငါ့နောက်လိုက်ခဲ့ရမယ်"
"ရူးနေလား ခင်ဗျားရူးနေလား ကျုပ်ကဘာလို့ခင်ဗျားနောက်လိုက်ရမှာလဲ ကျုပ်ကဘာလို့..ဘာလို့?"
"မင်းမှာ ငါ့အမိန့်တွေကို ဖီဆန်ခွင့်မရှိဘူးKim Jonginn" ထိုအသံထိုအသံတွေကို သူသိပ်မုန်းပါတယ်။သူကဖီဆန်ခွင့်မရှိဘူးလို့ ပြောလိုက်တာနဲ့ သူဖီဆန်နိုင်စွမ်းရှိမနေကြောင်းကို သူစိတ်ကလက်ခံနေသလို။ သူ့ဘ၀မှာ တစ်ခါမှလည်းမသိဘူး မမြင်ဘူးတဲ့ လူတစ်ယောက်က ပြောလာတဲ့ စကားကိုသူကနာခံဖို့ အဆင်သင့်ဖြစ်နေခဲ့တာလားသူကလေ..
"Louiseသူ့ကို ဟိုအိမ်ခေါ်သွား"
"ဟုတ်သခင်လေး"
"လွှတ်...ကျုပ်ကိုလွှတ်နော် ကျုပ်အမေနဲ့မတွေ့ရမချင်း ဒီကနေခြေတစ်လှမ်းမှ မခွာနိုင်ဘူး"
"ဖျောင်း"
သူလဲကျသွားခဲ့တာ။ရိုက်ချက် ဘယ်လောက်ပြင်းတယ်ဆိုတာ ဘေးကကြည့်ရုံနဲ့တင်သိနိုင်ပါတယ်"Louiseငါ့မျက်စိရှေ့ကနေမြန်"ခေါ်သွား"
သူ့ကို၃၊၄ယောက်လောက် စွဲခေါ်သွားချိန်မှာတော့သူဘယ်လိုမှမရုန်းနိုင်ခဲ့တော့ပါ..
"Kimjonginn ဒီကောင်တော်တော်ကို ရယ်ရတဲ့ကောင်ပါလား ငါ့ရှေ့မှာလာပြီး ငါ့အမေ့ကိုတအားတွေချစ်ပြ ဂရုစိုက်ပြနေလိုက်တာသူ့ကိုသူ မေမေ့သားအရင်းလို့များ မှတ်ထားနေတာလား"
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"