song recomended-"Angel baby" by
TroyeSivan<3"ကြိုပြောရင် Hyungက လာကြိုမှာပေါ့ Jonginnရာ"
"Hyung..ပင်ပန်းနေမဆိုးလို့ပါ"
"ဒီလောက်လေးကိုကွာ.."
စကားဝိုင်းမှာ ၃ယောက်သားထိုင်နေပေမယ့်
တစ်ယောက်သောသူကတော့ သူနဲ့မသက်ဆိုင်သလို မျက်နှာထားနှင့်နေနေပြီး တစ်လုံးမှ၀င်မပြောပေ။"ဆိုင်ပိတ်ပစ်ဖို့တော့ အတွေးမရှိပါဘူး..hyungရဲ့ကျွန်တော့်လက်ထောက်လေးကလည်း တကယ်စိတ်ချရတာပဲကို...နက်ဖြန်ကြရင် ကျွန်တော်ဆိုင်နဲ့ ပတ်သက်တာတွေ အကုန်စီစဥ္လိုက်ပါ့မယ် hyung..ဒီအတောအတွင်း အများကြီးကျေးဇူးတင်ပါတယ်"
"အင်းပါ..အဲ့ဒါဆို မင်းတို့Hotel ပြန်နားတော့လေ"
"ဟုတ်ကဲ့..hyung"
"မောင်..Hyungကို နှုတ်ဆက်ခဲ့ဦးလေ"
"ပြန်ပြီ"
LAကဆိုင်ရောက်ကတည်းက တင်းနေတဲ့မျက်နှာက တစ်စက်ကလေးမှ လျော့မသွား။အခုလည်းနှုတ်ဆက်ခိုင်းတာကို လုပ်ပုံကကြည့်ဦး။မောင်နဲ့တော့ သိပ်ခက်တာပဲ။
"ပြန်ပေါ့"
KimSeokhoတို့လည်း ခပ်ချေချေပဲ။သူလည်းအပိုတွေမပြောချင်။OhSehunသူ့ကို မကြည်တာမပြောလည်း အတပ်သိသည်။အမှန်ဆိုရည်းစားအလုခံရတာ သူပါ။အဲ့ဒါကို သူကဖြစ်ပျက်ပြနေတာ ပြောလိုက်ရင် မကောင်းရှိတော့မယ်။သူ့ဘေးနားကို Kimjonginnပြန်ရောက်လာတာသူ Koreaကို ဇွတ်အတင်း ပြန်ခေါ်လာလို့လေ။ကျေးဇူးအတင်မခံရဘဲ အချစ်ဦးဆိုတဲ့ပြစ်ချက်နဲ့မျက် မုန်းလာကျိုးခံနေရနေသည်တဲ့ ဒုက္ခပဲ။"Hyung..အာ့ဆို ကျွန်တော်တို့ပြန်ပြီနော်"
"ဟုတ်ပြီ"
ဆိုင်အပြင်မှာ သူ့တပည့်တစ်ယောက်က ကားလာရပ်ပေးမှ Jonginnလက်ကိုဆွဲကာ ဆိုင်အပြင်သို့ထွက်လာသည်။
ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးပြီး သူ့ကိုအထဲ
ထည့်သည်အထိ မျက်နှာထားကတင်းနေဆဲပင်။"အဲ့မျက်နှာထားကြီးလည်း နည်းနည်းပါးပါးပြင်ပါဦးလား...hyungကို အားနာစရာကောင်းအောင်"
"အရင်ထဲကဒီအတိုင်းပဲ မောင်သူ့ရှေ့ကျမှမျက်နှာထား တမင်တည်နေတာမဟုတ်ဘူး"
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"