Jamesတစ်ယောင်phတစ်လုံးနဲ့အလုပ်ရှုပ်နေခဲ့တာရက်အနည်းအငယ်ကြာနေခဲ့ပြီ။ParkChanyeolတစ်ယောက်ကတော့ ထိုအရာကို သတိမထားမိခဲ့ပေ။"ဟို...ငါဒီလိုဝတ်ထားရတာကြီးကတစ်မျိုးပဲsuitမ၀တ်ရတာကြာလို့ထင်တယ်ငါနဲ့လိုက်တယ်မလား"
"မလိုက်ဘူး.."
"ဟွန့်...မေမေ့ပဲသွားမေးမှာမင်းကိုမမေးတော့ဘူးOhSehun"
အခန်းထဲက စိတ်ဆိုးပြီးထွက်သွားတဲ့ တစ်ယောက်ကို ကြည့်ရင်းရယ်နေမိသည်။အသက်ကသာ သူ့ထက်ကြီးတာ စိတ်ကတကယ်ကလေးစိတ်။ စိတ်ဆိုးစိတ်ကောက်ကလည်း ရှယ်မြန်တဲ့ Kimjinginnပါပဲ။
အပြင်မှာ အလုပ်လုပ်ဖို့ကိုတော့ သူလုံး၀ခွင့်မပြုနိုင်။ ဒါကြောင့်သူ့Companyမှာပဲ အလုပ်၀င်ခိုင်းရတော့သည်။သူ့မျက်စိရှေ့ သူ့ရုံးခန်းထဲတင်အတွင်းရေးမှူးအဖြစ် ထားချင်သော်လည်း ကိုစိတ်ကောက်တို့က မနေပါရစေနဲ့ တစ်ခြားလူတွေရဲ့အမြင်ရှိသေးတယ်ဟုဆိုကာ ခခယယတောင်းဆိုနေလို့ သူ့မှာလက်လျှော့လိုက်ရသည်။
ဘေးလူတွေရဲ့စကားက ဘာဂရုစိုက်စရာလဲသူ့ကုမ္ပဏီလေ သူ့သဘောပေါ့မဟုတ်ဘူးလား?
သူကတော့ရှင်းတယ်။ဘယ်သူတွေ ဘာပြောပြော စိတ်လည်းမဝင်စားခဲ့ဖူးသလို ဂရုလည်းမစိုက်ခဲ့ဖူးဘူး။ဘေးလူတွေရဲ့ စကားတွေကိုနားထောင်ဖို့ လိုလည်းမလိုဘူးလို့ထင်တယ်။သူ့ဘဝတစ်လျှောက်လုံး သူ့အတွက်လက်ချိုးရေလို့ရလောက်တဲ့ အရေးပါတဲ့လူတွေရဲ့ စကားကလွဲရင် ကျန်တဲ့သူအစကားတွေ နားထဲယောင်လို့တောင်ထည့်ခဲ့တာမဟုတ်။ရုံးလာတိုင်းCar parkingမှာ စောင့်ရတာနဲ့အသားကျနေတဲ့ SuYeonအတွက်ဒီနေ့ဟာအထူးအဆန်း။
"Kim Jonginn shi ဒီနေ့ကားပေါ်ကမဆင်းတော့ဘူးလား ဘယ်အချိန်ထိ ဒီကားပေါ်မှာနေနေဦးမာတုန်း"
"ငါ...ဒီcompanyမှာ ပထမဆုံးဆိုတော့ ရင်တွေတုန်နေလို့ပါ"
"အဲ့ဒါကြောင့် ကျွန်တော့်ရုံးခန်းထဲမှာပဲနေပါဆို"
"တော်ပြီ ထပ်ပြီးအဲ့ဇာတ်လမ်းစမလာပါနဲ့တော့"
"အဲ့ဒါဆိုလည်းဆင်းတော့"
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"