"ဒီကိစ္စရဲ့နောက်ကွယ်က ခိုင်းတဲ့လူကိုပြောခိုင်းနေတာမင်းကို""မင်းကိုမသိဘူးလို့ ငါပြောနေတယ်လေ"
"ဒီခွေးသူတောင်းစားကတော့ ငါလုပ်ရင်သေတော့မယ် ဆရာ့မျက်စိရှေ့ရောက်ရင် မင်းတို့အကုန်သေမှာ..ငါကောင်းကောင်း မေးနေတုန်းဖြေ"
"ငါသိသလောက်တော့ ပြောပြမယ်..သူကငါ့ဆီလာပြီး KimJongInnကို ပြန်ပေးဆွဲပေးဖို့ခိုင်းတာ ပြီးတော့ အဲ့စာချုပ်ကိုဖျတ်သိမ်းဖို့
ပြောခိုင်းတာအဲ့ဒါအကုန်ပဲ""သူကဘယ်ကတုန်း မင်းမသိဘူးလား"
"မသိဘူး ဒါပေမယ့် သူ့ပုံစံကနည်းနည်းတော့ထူးဆန်းတယ်"
"ဘာကထူးဆန်းနေတာလဲ"
"သူကမျက်နှာကို ကွယ်ထားပေမယ့်သူ့နဖူးကိုတော့ အုပ်မထားဘူးလေ အဲ့နဖူး...မှားလို့အဲ့နားထင်နားမှာ ထင်တယ်အမာရွတ် အကြီးကြီးရှိတယ်ငါသိတာအဲ့ဒါအကုန်ပဲ"
"အမာရွတ်အကြီးကြီးရှိတယ်?"
"အေး...မင်းတို့ပြိုင်ဘက်gpတွေထဲက
နေမှာပေါ့""ဒီဖေ..အဲ့ဒါတော့မင်းပြောမှလားကွ"
"ငါလည်းသိသလောက်လေး ပြောပြတာဟ"
"မင်းကအထောက်အကူကို မဖြစ်ဘူး"
"ဟိုလေ..ငါတို့ကိုလွှတ်ပေးဖို့ အစီအစဥ္မရှိဘူးလား?ငါသိသမျှအကုန် အဲ့ဒါပါပဲကွာ အကုန်ပြောပြပြီးပြီပဲ"
"ခိုင်းတဲ့ကောင် မသိသေးဘဲ ငါကလွှတ်ပေးရအောင်အရူးလား"
"ဆရာ့ရဲ့ပြိုင်ဘက်တွေကလည်း လွှတ်များတာကွာ ဘယ်ကအစရှာရမလဲ...သူပြောတဲ့နားထင်နားက အမာရွတ်ကို ငါသိသလိုနဲ့မသိပြန်....နေဦး Park Chanyeolရဲ့ကားကိုမောင်းလာတဲ့ကောင်မှာ ငါမြင်ဖူးလိုက်တာလားလို့..ဟုတ်တယ်သေချာတယ်..တောက်!အောက်တန်းကျလိုက်တာကွာ"
~~~
Ring.....
ဖုန်းကမြည်နေတော့ Jonginnက နိုးလာသည်။ဖုန်းထကိုင်ဖို့ ပြင်လိုက်တော့ လူကိုကျစ်နေအောင် ပြန်ဖက်ထားတဲ့သူကြောင့် လူကထမရ။တစ်ညလုံးလည်း သူ့ရင်ခွင်ထဲမှာ အိပ်နေခဲ့ရခြင်းဖြစ်သည့်အပြင် လူကိုလည်းအခုထိလုံး၀လွှတ်မပေး။ တစ်ညလုံး သူကိုယ်တွေကျစ်ကျစ်တောက်ပူနေတော့ လူကဘာလုပ်လို့ ဘာကိုင်ရမြန်းမသိ။ရေပတ်တိုက်ပေးဖို့ ထတာကိုတောင် အထမခံလို့ သူလည်းမထတော့ဘဲ သူဖက်ထားတဲ့ပုံစံအတိုင်းသာ သူ့ရင်ခွင်ထဲမှာပဲ အိပ်လိုက်တော့သည်။သူ့သောက်ထားတဲ့ အရက်နံ့တွေရော သူ့ရဲ့ကိုယ်သင်းနံ့တွေကြားထဲမှာပါ လူက တစ်ညလုံး လမ်းတွေပျောက်ခဲ့ရသေးသည်။
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"