(song recomendလေးပေးချင်လို့ပါ~•~Why don't weရဲ့8letters
"ဪ..အမူးမပြေသေးဘူးကို..မောင်ဖြင့်လန့်သွားတာပဲ...အဲ့လိုတွေမနောက်နဲ့ မောင်မကြိုက်ဘူး"
"ငါကနာက်နေတဲ့ ပုံစံပေါက်လို့လား"
"ငါတကယ် မင်းအနားမှာ မနေနိင်တော့ဘူး...ငါ့ကိုထွက်သွားခွင့် ပေးတော့""KimJongInn"
"မင်းအမိန့်တွေကို ငါနာခံတော့မှာ မဟုတ်ဘူး"
"ဘာတွေဖြစ်နေတာလဲပြော..မနေ့ညထဲကမင်းက မူမမှန်ဘူး..ပြော ဘယ်သူ့ပယောဂကြောင့် ဒီလိုတွေမောင့်ကို ပြောနေရဲတာလဲ"
"ဪ..ဘာလဲ ဟိုကိစ္စလား? ဘာမှအရေးမ ကြီးဘူး မောင်ဖြင့် စိတ်တောင်မ၀င်စားဘူး"
"မင်းစေ့စပ်မယ့်ကိစ္စကို မင်းက စိတ်မ၀င်စားဘူးတဲ့လား...ထားပါ အဲ့ဒီကိစ္စကလည်း ငါနဲ့မဆိုင်ပါဘူး"
"ဘာတွေဖြစ်နေတာလဲကွာ..ဘာလို့ချက်ချင်းကြီးတစ်ခြားလူ တစ်ယောက်လိုြပုမူ နေရတာတုန်း မောင့်ကိုမနောက်နဲ့တော့"
"မင်းကအခုထိ နောက်နေတယ် ထင်နေတုန်လား?ဪ မေ့တော့မလို့ ငါ့စကားတွေဆို မင်းက ဘယ်တော့မှ အလေးမထားဘူးလေ"
"မဟုတ်ဘူး..တစ်ခုခုကိုအထင်လွဲနေတာမလား hyungဘာပြောပြော မောင်အလေးထားပါတယ်"
"မင်းငါ့ကိုအနိုင်ကျင့်ချင်လို့ မင်းအနားခေါ်ထားတာ မဟုတ်ဘူးလား တော်လောက်ပြီမင်းအကွက်ကျကျ စီစဥ္ခဲ့လို့မင်းလက်ထဲရောက်ခဲ့တယ် အဲ့ဒါအရင်က မေမေ့မျက်နှာကြောင့် ငါသည်းခံခဲ့တာ အခုငါထောက်စရာ မျက်နှာတွေမရှိတော့ဘူး"
"မဟုတ်ဘူး ကျွန်တော်ရှင်းြပပါ့မယ်"
ဆိုဖာပေါ်မှာထိုင်နေတဲ့ သူ့ရှေ့ေရာက်လာြပီး ဒူးထောက်ကာပြောလာသည်။
မရှင်းြပပါနဲ့တော့ မောင့်ရဲ့ဒီပုံစံကိုြမင် ြပီးသူပါရူးချင်လာသည်။ငါ့ကိုနည်းနည်းလောက်တော့တစ်ကိုယ်ကောင်း ဆန်ခွင့်ပေးပါ။မောင့်အနားမှာငါနေလို့မဖြစ်လို့ပါ တောင်းပန်ပါတယ်။
"ကျွန်တော် အဲ့လိုတွေလုပ်ခဲ့တာ အမှန်ပါ။ဒါပေ
မယ့် နောက်ပိုင်းကျွန်တော်လည်း ကျွန်တော့်ကိုကျွန်တော်တောင် နားမလည်နိုင်လောက်တဲ့ ထိရူးခဲ့တာပါ။ကျွန်တော် Hyungငိုရင်မကြိုက်ဘူး၊hyungကိုတစ်ခြားလူတွေ ထိဖို့မပြောနဲ့
စေ့စေ့ကြည့်ရင်တောင်ကြိုက်ဘူး၊မကြိုက်ဆုံးကတော့ hyung ကျွန်တော့်ကိုထားသွားမှာပဲ"
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"