breakfastစားနေစဥ်သားကိုမတွေ့မိ၍..
"အိမ်တော်ထိန်း..သားကိုသွားနှိုးတော့ companyသွားရတော့မှာမဟုတ်လား"
"ဟို...သခင်လေးကအစောထဲကထွက်သွားနှင့်ပါပြီဆရာ"
မျက် မှောင်တစ်ချက်ကြုံ့လိုက်၍..
"Companyကို အစောကြီးသွားရတာလား"ကြားထဲက အိမ်တော်ထိန်းကြီး မည်သည့်အဖြေပေးရမယ် မသိချေ။မနက်တိုင်းမမလေးတို့ဆီ ဝင်တာမလို့အစောထွက်"သွားတာကို ပြောပြန်ရင်လည်းတစ်ပြစ်မပြောပြန်ရင်လည်းတစ်ပြစ်...
"ဟိုအခုတလော စာချုပ်ချုပ်စရာတွေရှိလို့သခင်လေး အလုပ်ရှုပ်နေပုံပါပဲဆရာ"
အိမ်ထဲဝင်လာတော့ ဧည့်ခန်းထဲမှာ စာထိုင်ဖတ်နေတဲ့မေမေက အံ့သြလျက်..
မေမေကစာဖတ်ရတာ သိပ်သဘောကျတာ သူ့ရဲ့ စာဖတ်ဝါဿနာကလည်း မေမေ့ဆီကအမွေရထားပုံပါပဲ...
"သားဒီအချိန်ကြီး မလာစဖူးဘာကိစ္စရှိလို့လဲ"
"ဟို.."
"သား Dinnerလာစားတာလား မေမေ dinnerပြင်ပေးရမလား.."
"မဟုတ်ဘူး မပြင်နဲ့မေမေ..ကျွန်တော်ဒီနေ့.jonginnကို..Kimjonginnကို အပြင်ခဏ ခေါ်သွားမို့မေမေ.."
"aww..အေးသား jonginnရေချိုးနေတယ်ထင်တယ်...မေမေသွားခေါ်ပေးရမလား"
"ရတယ် ကျွန်တော်ပဲသွားလိုက်တော့မယ်မေမေ..."
"အေးအေးသား.."
Ohsehunတစ်ယောက် သတိလက်လွတ်ဖြင့်အခန်းတံခါးမခေါက် မိဘဲ၀င်သွားလိုက်စဥ္..
"ရား...Ohsehun...တံခါးလေး ဘာလေးခေါက်ပါဦးလား"
ထိရက်စရာမရှိတဲ့ ကြွက်သားအေမြှာင်လိုက်တွေနဲ့ အပေါ်ပိုင်းဗလာကျင်းနေတဲ့ ခန္ဓာကိုယ်ကို သူ့ကို မြင်မှတဘက်နဲ့ ဇွတ်တွေဖုံးနေတာမြင်မကောင်း...
"ဟွန့်...ငါမမြင်ဖူးတာမလို့လား...ရှက်နေသေးတယ်"
"Ohsehun မမိုက်ရိုင်းနဲ့မင်း..."
"ငါနဲ့အပြင်သွားစရာရှိတယ်မြန်မြန်လုပ်.."
အိင်္ကျီအဖြူT-shirtလေးကို ဘောင်းဘီတိုလေးနဲ့ တွဲဝတ်ထားတဲ့ Kimjonginnကိုသူ့မှာ
မမြင်ဖူးတဲ့လူလို ငေးယူနေတာ ဟိုကခေါ်တာတောင် မကြားနိုင်တဲ့အထိ...
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"