"Louise, နက်ဖြန်ပြပွဲသွားစရာ ရှိတယ် ၁၀နာရီထိုးလောက် ငါ့ကိုလာခေါ်""ဟုတ်ကဲ့ပါဆရာ"
"ဆရာကျွန်တော် အခုဘယ်အိမ်ကို မောင်းရမလဲ"လို့မေးလိုက်ရင် ကောင်းမလားး?Ohစံအိမ်ကိုပဲ မောင်းလိုက်ရမလား Kimjonginnရိှတဲ့အိမ်ကိုပဲ မောင်းလိုက်ရမလားး...ငါတကယ်လမ်းပျောက်နေပြီ.....
"ဆရာ ကျွန်တော်Ohစံအိမ်ကိုပဲ မောင်းရမလား"
"အင်း""သခင်လေး ကျွန်မညစာပြင်လိုက်ရတော့မလား"
"တော်ပြီ မပြင်နဲ့တော့ ကျွန်တော်စားချင်စိတ်မရှိလို့ လိမ္မော်ရည်တစ်ခွက်လောက်ပဲ ဖျော်ပြီးအခန်းထဲပို့ထားပေးပါ"
ရေမိုးချိုး သန့်စင်ပြီး အခန်းထဲမှာအသင့်ချထားသော လိမ္မော်ရည်တစ်ခွက်ကို သောက်နေရင်းစာအုပ်စင်က စာအုပ်တစ်အုပ်ယူကာ ဖတ်နေလိုက်သည်။
အိပ်ယာပေါ် တက်ခါနီး သောက်နေကျအိပ်ဆေးပုလင်းထဲကဆေး၂လုံးကို သောက်ရန်ပြင်နေစဥ်သူဒီဆေးမပါဘဲအိပ်နိုင်နေပြီပဲဆိုပြီး ဆေးကိုပုလင်းထဲ ပြန်ထည့်ကာ ကုတင်ပေါ်အိပ်စက်ခြင်းဆီသို့။
သူအိပ်ဆေးမပါဘဲ အိပ်နိုင်တဲ့ညတွေဟာ Kimjonginnဘေးမှာ ရှိခဲ့တဲ့ညတွေဆိုတာ မတွေးမိလေလျော့သလား?ရူးပစ်ချင်လောက်စရာကောင်းတဲ့ အိပ်မက ်ဆိုးတွေက သူ့ကိုနှောင့်ယှက်လေဦးမယ်.....
"ကြိုးတွေ သူ့ကိုရစ်ပက်ထားတဲ့တဲ့ကြိုးတွေကြား သူရုန်းနေပေမယ့် ဘယ်လိုမှမလွတ်နိုင်။
ကယ်ပါဦး ကျွန်တော့်ကိုကယ်ပါဦး........"အိပ်မက ်ကနေလန့်နိုးလာပေမယ့် ကြောက်စိတ်ကတော့ ရှိနေသေးသည်။ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်ဘဲ အိပ်ယာပေါ်မှာပဲရှိနေလေသည်။
ဒီအိပ်မက ်ဆိုးတွေမက ်ပြီးတိုင်း သူပြန်အိပ်ဖို့ကြိုးစားလည်း ဘယ်လိုမှမအောင်မြင်ခဲ့တာသိသောကြောင့် ဖတ်လက်စစာအုပ်ကို ယူကာထိုင်ဖတ်နေခဲ့တာ မိုးလင်းထိ။
အိပ်မက်ဆိုးရဲ့ နောက်ကွယ်က အကြောင်းတစ်ချို့ကိုလည်း တွေးမိနေရင်း.....
U.S.မှာ သူ့ကိုအမေနဲ့ ပတ်သက်ပြီးစလို့ကောင်လေးတစ်ယောက်ကို သေမတတ်ထိုးနှပ်ခဲ့တာ။သာမာန်လူဆို ကျောင်းထွက် အချုပ်ခန်းထဲနေနေရမှာဖြစ်ပေမယ့် သူ့အေဖရဲ့အာဏာကလည်းသက်ေရာက်နေပြန်တော့ ကျောင်း၁ပတ်သာနားစေခဲ့သည်။
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"