နက်ဖြန်ဆို Sunday ရောက်တော့မှာမို့ KimJonginn တစ်ယောက် ခုန်ပေါက်နေသည်။သူ့ကိုအပြင်က စားသောက်ဆိုင်တစ်ခုမှာdinner လိုက်ကျွေးမယ်ဆိုပြီး စာပို့လာတဲ့ Ohsehunကြောင့်ပင်။ ပျော်လားဆိုပျော်ပါသည်။ တွေ့တာနဲ့အမြဲတမ်းရန်ဖြစ်လိုက် သူ့ကိုမခံချင်အောင် ပြောလိုက်နဲ့ပဲ အချိန်ကုန်နေတာလေ သူတို့နှစ်ယောက်က။ဟိုနေ့က စကားများပြီးတဲ့နေ့ကတည်းက သူနဲ့မတွေ့ဖြစ်ခဲ့တော့တာ။ အိမ်ကိုလည်းရောက် မလာ။သူကလည်း အိမ်ထဲကအိမ်ပြင်ထွက်သည်မဟုတ်။ထွက်လျှင်လည်း စကားများရသေးသည် ဟိုအရူးကောင်နဲ့။ဘေးအိမ်ကို ပြောင်းလာလို့ လာနှုတ်ဆက်တဲ့အမနဲ့ အကြာကြီး စကားရပ်ပြောနေလို့တဲ့ ပြဿနာအကြီးအကျယ် ရှာသွားသေးသည်။ သူလည်းမေမေရှိလို့ အကျယ်အကျယ် မဖြစ်ချင််တာနဲ့ ပြောသမျှ ငြိမ်ခံနေလိုက်သည်။ငြိမ်ခံနေပြန်တော့လည်း သူ့ကိုရွဲ့တာလား ဆိုပြီးရစ်ပြန်ရော။မင်းကိုပြောကို မပြောချင်ဘူးဆိုပြီး ပြောသွားတာ Dinnerစားပြီးကတည်းကနေ ညည့်နက်အထိ။Louiseပြောတဲ့ သူတို့ဆရာက စကားနည်းပြီး ရုပ်အရမ်းတည်လွန်းတယ် ဆိုတာ ဘယ်နားမှာတုန်းလို့ ပြေးမေးချင်သည်အထိပင်။
***
Ohစံအိမ်တော်ကြီးရှိ ထမင်းဝိုင်၌သားအဖနှစ်ယောက် ညစာစားနေကြသည်။
"သား"
"ဟုတ်ကဲ့Daddy.."
"U.S.နဲ့ချုပ်မယ့် စာချုပ်ကသေချာပြီလားဘယ်လိုရအောင်လုပ်လိုက်တာလဲ"
"ဒီလိုပါဘဲ..ကျွန်တော်နည်းနည်းတော့အားစိုက်ရတာပေါ့"
"ဘယ်တော့လောက် လက် မှတ်ထိုးကြမှာလဲ"
"Monday or Tuesdayတစ်ရက်ရက်ပဲDaddy"
"သားစိတ်ချလို့ရရဲ့လား Park companyကလည်း ပေါ့သေးသေးမဟုတ်ဘူးနော် ParkChanyeolကို လျှော့မတွက်နဲ့မင်း"
"ဘယ်ပြိုင်ဖက်ကိုမှ ကျွန်တော်လျှော့မတွက်ခဲ့ဖူးဘူး Daddy...ဒါပေမယ့်ကျွန်တော်လုပ်နိုင်တာကိုလည်း Daddy လျှော့မတွက်ပါနဲ့"
"Daddyသားကိုမယုံလို့မဟုတ်ပါဘူးကွာ"
"ကျွန်တော် အပေါ်တက်နှင့်တော့မယ်Daddy..Goodnightပါ"
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"