ကုတင်ပေါ်က ဖြူဖြူဖျော့ဖျော့ကောင်လေးရဲ့ကျစ်ကျစ်တောက်ပူကြပ်နေသော ခန္ဓာကိုယ်လေးကို သူရေပက်တိုက်ပေးနေခဲ့သည်။အနာပေးလိုက် ဆေးပေးလိုက်ပါပဲ။
Kimjonginnနဲ့ ပတ်သက်ရင်မောင်က ဘောင်တွေလွတ်ကုန်တယ်ဆိုတာ အပိုပြောတာမဟုတ်ဘူး။
နဖူးလေးကိုတစ်ချက် စမ်းကြည့်လိုက်တော့အပူချိန်က အနည်းငယ်ကျသွားမှန်း သိလိုက်ရသည်။စောင်လေးကိုအပေါ်ထိ ဆွဲခြုံပေးပြီးရေချိုးခန်းထဲသို့ ထွက်လာကာ သူ့ခြေထောက်ထဲစိုက်ဝင်နေတဲ့ မှန်ကွဲစတွေကိုဆွဲထုတ်နေသည်။ စောနကရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပန်းအိုးကျကွဲသွားတဲ့ပေါ်ကို သူတတ်နင်းမိတာသိပေမယ့် သူ့အနာကိုဂရုမစိုက်နိုင်သေး။
အနာကို သန့်စင်ပြီးသူလည်း ကုတင်ဘေးဝင်ကာအိပ်ရန်ကြိုးစားနေစဥ် ဘေးနားကသိမ့်ခနဲတုန်နေသော ခန္ဓာကိုယ်လေးကြောင့် သူမနေနိုင်မထိုင်နိုင်နဲ့ ရင်ခွင်ထဲကိုဆွဲထည့်ကာ ချော့မြူတယ်လို့ခေါ်ကြလေမလား သူမသိပေမယ့် ထိုလူသားအကြောက်ပြေအောင် သူအစွမ်းကုန်ကြိုးစားပေးနေလေသည်...အနိုင်ကျင့်နှိပ်စက်ခဲ့တာ သူဖြစ်နေပေမယ့်လည်းပေါ့။
မနက်ရုံးသွားဖို့ပြင်နေစဥ် သတိရလာသောလူသားကြောင့် သူထိုအနားကိုသွားကာ..
"သတိရလာပြီလားး..."ဟုဆိုကာ နဖူးလေးကိုစမ်းမယ်အလုပ် အနောက်ကိုတိုးသွားသော သူ့ကိုကြောက်နေတဲ့ ခန္ဓာကိုယ်လေးကြောင့် သူ့ရင်ထဲဆစ်ခနဲ...သူ့လက်ကလေးကို ပြန်ရုတ်ပြီး....
"အောက် မှာကြက်သားစွပ်ပြုတ် ပြုတ်ခိုင်းထားတယ် ပြီးရင်ဆင်းပြီး သွားသောက်လိုက်"
မနေ့ညကလောက် မဖြူဖျော့တော့ပေမယ့်နှာခေါင်းထံမှ ကျဆင်းလာတဲ့နှာခေါင်းသွေးတွေကိုမြင်တော့ Ohsehunတစ်ယောက် သူမသိလိုက်ခင်မှာဘဲ Kimjonginnရဲ့ခေါင်းကိုနောက်သို့လှန်စေကာ နှာခေါင်းသွေးတို့ကိုသူ့လက်ဖြင့်ခံယူလိုက်သည်။
အဆက် မပြတ်ကျဆင်းနေတဲ့ နှာခေါင်းသွေးများကြောင့် သူအိင်္င်္ကျီအဖြူတစ်ခုလုံးလည်းရစရာမရှိတော့ပေ။"ရေခဲ...ရေခဲကပ်ပေးရတာမလား"ဟုဆိုကာ အောက်ကလူတွေကိုရေခဲယူလာပေးဖို့ phနဲ့ပြောလိုက်သည်။
ရေခဲတွေယူလာတော့ kimjonginnရဲ့ နှာခေါင်းလေး ကိုသူကိုယ်တိုင် ဖွဖွလေးကပ်ပေးနေသည်။
YOU ARE READING
"Beyond The Hatred"
Fanfiction"အမုန်းတွေရဲ့အလွန်မှာအချစ်တွေ ြဖစ်လာနိုင်တာကိုယုံလား?"